မန္တလေးမြို့တွင် ဖူဆယ် Mandalay Open Cup ပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့တွင် ဖူဆယ် Mandalay Open Cup ပြိုင်ပွဲ ကျင်းပမည်
 ( ရန်ကုန်မြို့သုဝဏ္ဏ ဘောလုံးကွင်းအနီးတည်ဆောက်နေသော  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် ဖူဆယ်အားကစားကွင်းကို မေလ ၂၇ ရက်နေ့က တွေရစဉ်) ဓာတ်ပုံ- ထွန်းထွန်းဝင်း

မေလ ၃၁ ။            ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဖူဆယ် Open Cup ပြိုင်ပွဲကို မန္တလေးမြို့တွင် ပြုလုပ် သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မဇ္ဈိမ သတင်းဌာန ကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

" အသင်းစုစုပေါင်း ၆၄ သင်းပါ။ မန္တလေး Open Cup ပါ။ ရန်ကုန်မှာကျွန်တော်တို့လုပ်သလိုပါ။ မန္တလေး Open Cup လုပ်ဖို့ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးသွားပါပြီ။ ကျွန်တော်တို့အနေနဲ့အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ဖို့အတွက် စပွန်ဆာတွေလည်း ၇၅ ရာခိုင်နှုန်း ရရှိထားပါတယ်။ မကြာခင် အချိန်တွင်းမှာ Mandalay Open Cup ကို ကျင်းပပြုလုပ်သွားပါမယ် " ဟု ဦးကိုကိုသိန်းက သည်။

 မန္တလေးမြို့တွင် ၂၀၀၇ ခုနှစ်က မန္တလေးမြို့တော်ဝန်ဖလားဖူဆယ်ပြိုင်ပွဲကို ကျင်းပဖူးခဲ့ဖူးပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

" အဓိကပြဿနာက အခြေခံအဆောက်အဦမရှိတဲ့ပြဿနာပါ။ အခြေခံအဆောက်အဦမရှိတဲ့အခါကျတော့ ရှေ့ဆက်ပြီးတော့ ပိုပြီး အားထည့်ပြီးလုပ်ဖို့ဆိုတာ တော်တော်လေးကိုခဲယဉ်းပါတယ်။ အခုဆို အခြေခံ အဆောက်အဦမရှိဘဲလုပ်နေရတယ်။ အားကစားဝန်ကြီးဌာန ဆီက ငှားရမ်းပြီးလုပ်နေရတယ်။ တစ်ခါတလေ ကွင်းတွေမအားတဲ့အခါကျ စပွန်ဆာပေးချင်တဲ့လူက ပွဲကတစ်လလောက် လုပ်လိုက် ကွင်းမအားဘူးဆိုရင် ရပ်လိုက်နဲ့ ကွင်းကရလိုက်ရပ်လိုက်နဲ့ စပွန်ဆာကလည်းမပေးနိုင်တော့ဘူးပေါ့။ အဓိက ပြသာနာက အခြေခံ အဆောက်အအုံမရှိတဲ့ပြဿနာပါ။အခု ဖူဆယ် Indo Stadium ပြီးသွားရင် Open Cup တွေ ဖိတ်ခေါ်ပွဲတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေ ကျင်းပပြုလုပ်သွားနိုင်ပါတယ် " ဟု ဦးကိုကိုသိန်းက ပြောသည်။

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏  FIFA Forward Program ပ့ံပိုးမှုအရ  မြန်မာနိုင်ငံကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇ သိန်းခွဲ ထောက်ပံ့ကြေး ရရှိနေပြီး သုံးနှစ်ပေါင်း ရရှိခဲ့သည့် ကန်ဒေါ်လာ ၂ဒဿမ၂၅ သန်းမှ ကန်ဒေါ်လာ ၂ သန်းကို  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် Indo Fusel Stadium ကို တည်ဆောက် နေကြောင်း သိရသည်။ ကျန်ရှိသည့် ကန်ဒေါ်လာ ၂သိန်းခွဲ ကို သုဝဏ္ဏကွင်း ရှိ မီးမောင်းစင် ပြုပြင်စရိတ် အတွက် အသုံးပြုသွားမည်ဖြစ်ပြီး လေ့ကျင့်ရေး ကွင်းအသစ်တစ်ခုအတွက်လည်း ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ဦးကိုကိုသိန်း က ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် နိုင်ငံတကာအဆင့်မီ ဖူဆယ်မိုးလုံလေလုံကစားကွင်း( Indoor Stadium)ကို ဖွင့်လှစ်မည်ဖြစ်ပြီး ပရိသတ် ၂၀၀၀ အထိ အားပေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဖူဆယ်ကွင်းကို သုဝဏ္ဏ အားကစားကွင်းအနီးတွင် ဆောက်လုပ်နေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly