မြောင်းမြတွင် ပြည်သူသောင်းချီ NLDအောင်နိုင်ရေးအတွက်လှည့်လည်

မြောင်းမြတွင် ပြည်သူသောင်းချီ NLDအောင်နိုင်ရေးအတွက်လှည့်လည်

မြောင်းမြ၊ အောက်တိုဘာ ၇ ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအတွက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် အောက်တိုဘာလ ၇ရက် နံနက်က မြောင်းမြမြို့ ကြိုးတံတားအဆင်းမှ မြို့ပတ်လမ်းအတိုင်း ပါတီနှင့် ပြည်သူအင်အား သောင်းချီကာ လှည့်လည်ခဲ့သည်။

"ကျွန်တော်တို့ အမေစုပါတီ နိုင်စေချင်တယ်၊ ပြောင်းလဲဖို့အတွက် ပြည်သူတွေ ပူးပေါင်ပါဝင်တာပါ၊နိုင်ငံအတွက် အရမ်းအရေးပါနေပြီး အခုလို ပြည်သူတွေပါရင် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံတော်ဖြစ်ပြီ" ဟု လှည့်လည်ပွဲတွင် ပါဝင်သူ ဦးတင်အေးက ပြောသည်။

လှည့်လည်ပွဲတွင် "ကိုယ်ထမင်းကိုယ်စားအမေစုသား" "အမှန်တကယ်ပြောင်းလဲဖို့NLDကိုမဲပေးစို့" ၊"NLDနိုင်ရမည်၊ စနစ်ပြောင်းဖို့ NLD ကိုမဲထည့်စို့" စသည့်ကြွေးကြော်သံများ၊ ကားများ၊ ဆိုင်ကယ်များ၊ဆိုက္ကားများလမ်းလျှောက်သူများပါ လိုက်ပါပြီး မြို့ထဲလှည့်လည်သည်။

စက်တင်ဘာလအတွင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးမှ မြို့ထဲလှည့်လည်ခဲ့ပြီး၊ လှည့်ပွဲတွင် "ရင်မှာစွဲလန်းဦးတင့်ဆန်း"၊ "ပြည်သူချစ်ကြည် ဦးခင်ရီ" "ပြည်သူချစ်ပို ဦးဝင်းကို" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လှည့်လည်ခဲ့သည်။

မြောင်းမြမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမိုးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမန်းထွန်းကြိုင် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးသန်းဇော်ဦး၊ တိုင်းဒေသကြီး၂ ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦးတို့ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required