အီရန်ရဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာရပ်နိုင်ငံတွေကို ဆော်ဒီ တိုက်တွန်း

အီရန်ရဲ့ ရာဇဝတ်မှုမြောက် လုပ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာရပ်နိုင်ငံတွေကို ဆော်ဒီ တိုက်တွန်း

မက္ကာ၊ မေ ၃၁ ။          ။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဘုရင် ဆော်လမန်ဟာ ရန်ဖက်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံအပေါ် မေ ၃၀ ရက်မှာ တစ်ဖက်သတ် စကားလုံးထိုးစစ်ဆင်ပြီး ထိုးနှက်ပြောဆိုလိုက်ပါတယ်။

ဒေသတွင်း ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်လာတော့မယ်လို့ စိုးရိမ်ပူပန်ခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်မှာ အီရန်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ််တွေကို တန်ပြန်ဖို့ ပင်လယ်ကွွေ့အာရပ်နိုင်ငံတွေကို ဆော်ဒီဘုရင် ဆော်လမန်က ဆော်သြလိုက်တာပါ။

အခု လအစောပိုင်းက ယူအေအီးကမ်းလွန်မှာ ဆော်ဒီ ရေနံတင်သင်္ဘောနှစ်စီးအပါအဝင် ရေနံတင်သင်္ဘော လေးစီး ဖျက်ဆီးတိုက်ခိုက်ခံရပါတယ်။

အဖျက်အမှောင့် လုပ်ရပ်သက်သက်ဖြစ်တဲ့ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်က ပြောဆိုခဲ့ပါတယ်။

ဂျွန်ဘော်တန်ရဲ့ ခုလို ပြောဆိုပြီး နောက်တစ်နေ့မှာပဲ မက္ကာမြို့မှာ အရေးပေါ်ပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ခေါ်ယူကျင်းပပြီး ဘုရင်ဆော်လမန်က အီရန်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ကိုင်တွယ်ဖြေရှင််းဖို့ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အီရန်နိုင်ငံကတော့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required