သေဆုံးသွားသော မစိမ့်ထက်ရုပ်အလောင်း ရင်ခွဲစစ်ဆေးပြီးသည့် အဖြေကိုစောင့်နေဟု ဆို

သေဆုံးသွားသော မစိမ့်ထက်ရုပ်အလောင်း ရင်ခွဲစစ်ဆေးပြီးသည့် အဖြေကိုစောင့်နေဟု ဆို

ရန်ကုန် ၊ မေ ၂၉ ။         ။ ဖန်ဂရန်ရာဇီရေခဲတောင်သို့ တက်ရောက်စဉ် ပြုတ်ကျသေဆုံးခဲ့ရသော မစိမ့်ထက်၏ ရုပ်အလောင်းကို  မေ ၂၉ ရက်နံနက်ပိုင်းက  မြစ်ကြီးနားမှုခင်း ဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးခဲ့ပြီး စစ်ဆေးချက်အဖြေကို စောင့်နေကြောင်း  မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောသည်။

" ရင်ခွဲစစ်ဆေးတာ မနက်ပိုင်းကလုပ်ပြီးပါပြီ ။ ဒီနေ့ရင်ခွင်စစ်ဆေးတဲ့အဖြေက ကျွန်တော် ဖြေရတာ အဆင်မပြေသေးပါဘူး။ မှုခင်းဆရာဝန်ကြီး ရဲ့အဖြေကို စောင့်နေပါတယ်။ အဖြေထွက်လာရင် ကျွန်တော် ပြောပါမယ် " ပာုမဇ္ဇိုမသတင်းဌာနကို ပြောကြားခဲ့သည်။

လက်ရှိတွင် မစိမ့်ထက်၏ ရုပ်အလောင်းကို ပူတာအိုဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိပြီး ဆေးစစ်ချက်အဖြေ ထွက်ရှိ လာမှသာ ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု သေဆုံးသူ၏ မိသားစုဝင်များဘက်မှ သိရသည်။

ထို့အပြင် ရှာဖွေတွေ့ရှိသော မစိမ့်ထက်၏ ရုပ်အလောင်းကို နေရပ်သို့ ပြန်လည်သယ်ဆောင်ခြင်း မပြုဘဲ ပူတာအိုတွင်သာ မေလ ၃ဝရက်နေ့ မွန်းလွဲပိုင်း၌  မီးသင်္ဂြိုဟ်မည်ပာု သိရသည်။
“ကျွန်တော်တို့ ဒီကိစ္စတွေ ပြီးမှ တရားဥပဒေလမ်းကြောင်းအရ သွားမှပါ။ မနက်ဖြန် ၁၂ နာရီလောက်မှာ သင်္ဂြိုဟ်ပါမယ်။တိုင်စာတွေလည်း ပို့သင့်တဲ့နေရာတွေ ပို့ပေးထားပါတယ်။ တရားဝင်စာ ပို့ထားပါတယ်။ ဒီလို ပေါ့ဆမှုကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတာ ပို့ထားပါတယ်။ လေးနေရာကိုပို့ထားပါတယ်။ ပြည်နယ် ၊ မြို့မရဲစခန်း နဲ့ခရိုင်တို့ကို ပို့ထားပါတယ်။ အားလုံး လေးနေရာကို တရားဝင်ပို့ထားပါတယ်။" ဟု  ဦးမောင်မောင်လေးက ပြောသည်။

မစိမ်းထက်သည် ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က ဖန်ဂရန်ရာဇီရေခဲတောင်သို့ တက်ရောက်စဉ် ခြေချော်ပြုတ်ကျခဲ့ပြီး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ထို့နောက် မေလ ၂၅ ရက်နေ့တွင် သူ့၏ရုပ်အလောင်းကို ရေခဲလွတ်ရာ နေရာ တစ်နေရာတွင် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့မှ ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပူတာအိုသို့ ပြန်လည်သယ်ဆောင်လာခြင်းဖြစ်ပြီး မေ ၂၇ ရက် ညနေက ပူတာအိုသို့ အရောက် သယ်ဆောင်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
" ခေါင်းဆောင်တွေပေါ့လျော့လို့ ကျွန်တော့်သမီးမစိမ့်ထက်လေးက မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားရတယ်ဆိုတာ အဓိက အဖြေပါပဲ။ အဖြေတွေကလည်းအများကြီးထွက်လာပါပြီ” ဟု ဖခင်ဖြစ်သူက ဆိုသည်။

ထိုသို့ တောင်ပေါ်တက်ရာတွင် ပစ္စည်းကိရိယာအစုံအလင်နှင့် တောင်တက်ကြိုးအသုံးပြု တက်ရောက်သင့် ကြောင်း ၊ ဌာနဆိုင်ရာများကို ပြောသွားပါက ယခုလို လူမသိ၊သူမသိ ဒုက္ခမရောက်နိုင်ကြောင်း၊ စစ်ဆေးပြီး ခွင့်ပြုမည်ဆိုပါက မစိမ့်ထက် ဒီလိုမျိုး ဖြစ်မည်မဟုတ်ကြောင်း ဖခင်ဖြစ်သူက ပြောသွားခဲ့သည်။
အထမ်းသမား ၃ ယောက် နှင့် အဖွဲ့ဝင် ၅ ယောက်ပါဝင်သည့် အဆိုပါရှာဖွေရေးအဖွဲ့ကို သေဆုံးသူ၏ မိသားစု ဘက်မှ ကတိအတိုင်း ငွေကျပ် သိန်း ၅၀ ကိုချီးမြင့်သွားမည်ပာုလည်း သိရသည်။
မေ ၄ ရက်နေ့တွင် ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်၏ ပထမအကြိမ် ရှာဖွေရေး လုပ်ဆောင်ခဲ့စဉ်က ပျောက်ဆုံးနေသူ မစိမ့်ထက် ၏ ဂျာကင်နှင့်မျက်မှန်ကို ရှာဖွေတွေ့ရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly