အီဖယ်မျှော်စင် zip line စီးနင်းမှု ပြန်လည်ဖွင့်လှစ်

အီဖယ်မျှော်စင် zip line စီးနင်းမှု ပြန်လည်ဖွင့်လှစ်

မေ ၂၉ ။           ။ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်တာဝါမှာ ကောင်းကင်ကြိုး (zip line) စီးနင်းမှုကို မေလ ၂၉ ရက်တွင် အများပြည်သူအတွက် ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မျှော်စင်ကြီးရဲ့ ဒုတိယထပ်ကနေပြီးတော့ Champs de Mars အများပြည်သူ ဥယျာဉ်ကို ချိတ်ဆက် သွယ်တန်းထားတဲ့ ယင်း zip line ကိုတော့ ယနေ့မှာ တရားဝင် ဖွင့်လှစ်မှု မတိုင်ခင် ယမန်နေ့ မေလ ၂၈ ရက်က အကြို စမ်းသပ်စီးနင်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီ ကောင်းကင်ကြိုး စီးမယ့်သူတွေကတော့ မျှော်စင် ဒုတိယထပ်ကနေပြီးတော့ မြန်နှုန်း တစ်နာရီ ၈၈ ကီလိုမီတာနှုန်းနဲ့ တစ်မိနစ်ကြာ ကြိုးနဲ့ လျှောချ စီးနင်းမှုနဲ့အတူ ပြင်သစ်နိုင်ငံရဲ့ အံ့မခန်း မြင်ကွင်းတစ်ခုကို ဝေဟင်ထက်ကနေ ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။

ဒီလို အီဖယ်တာဝါမှာ ခရီးသွားတွေကို ကောင်းကင်ကြိုး စီးနင်းစေမှုက ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

အီဖယ်တာဝါရဲ့ ၁၃၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ၂၀၁၇ တုန်းက ပြင်သစ် mineral water brand တစ်ခုဖြစ်တဲ့ Perrier က ယင်းကို မူလ ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ယခုတစ်ကြိမ် စီးနင်းမှုတွေကိုတော့ ဇွန်လ ၁၁ ရက်အထိ ဖွင့်လှစ်ပေးထားမယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required