အိုဟိုင်းယိုမှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်၍ လူတစ်ဦး သေဆုံးကာ ပျက်စီးဆုံးရှုံးမှု ကြီးမား

အိုဟိုင်းယိုမှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်၍ လူတစ်ဦး သေဆုံးကာ ပျက်စီးဆုံးရှုံးမှု ကြီးမား

၀ါရှင်တန်၊ မေ ၂၉ ။           ။ အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်တစ်ဝန်းကို လေဆင်နှာမောင်း ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားပြီးနောက်မှာ ဒေသခံတွေက မေ ၂၈ ရက် မနက်ပိုင်းမှာ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ လမ်းတွေပေါ် ပြန့်ကျဲနေတဲ့ အပျက်အစီးတွေကြားမှာ ရှိနေပါတယ်။

အခု တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းအတွင်း လူတစ်ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ကာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။

ဒေးတန်မြို့မှာ လူပေါင်း ၈၀၀၀၀ လောက်ဟာ လျှပ်စစ်မီး မရဘဲ ရှိနေတယ်လို့ မြို့ရဲ့ မီးသတ်ဌာနလက်ထောက်အကြီးအကဲ နီကိုလပ်စ်က အေဘီစီသတင်းဌာနကို ပြောပါတယ်။

“ကျွန်တော်တို့ အိမ်တွေ ပြားပြားဝပ်ပျက်စီးသွားခဲ့ရပြီ။ တိုက်ဝင်းတစ်ခုလုံးလည်း  ပျက်စီးခဲ့တယ်။ နံရံတွေလည်း ပြိုလဲကုန်တယ်။”လို့ နီကိုလပ်စ်က ပြောပါတယ်။

တနင်္လာနေ့ ညပိုင်းက အိုဟိုင်းယိုပြည်နယ်ကို ဝင်မွွှေတဲ့ ဒီ လေဆင်နှာမောင်းဟာ အမေရိကန် ပြည်နယ် ရှစ်ပြည်နယ်တစ်လျှောက် တိုက်ခတ်သွားခဲ့တာဖြစ်တယ်လို့ အမျိုးသား သမုဒ္ဒရာနဲ့ လေထုစီမံရေးရာဌာနက ပြောပါတယ်။

ဒေးတန်မြို့မှာ ဒဏ်ရာရသူနဲ့ အိုးမဲအိမ်မဲ့ဖြစ်သူ ဘယ်လောက်အထိ ရှိတယ်ဆိုတာ လတ်တလော မသိရသေးဘူးလို့ နီကိုလပ်စ်က ပြောပါတယ်။

ဒီ လေဆင်နှာမောင်းအတွင်း သေဆုံးသူကတော့ စီလီနာမြို့က အသက် ၈၁ နှစ်ရှိ အဘိုးအိုတစ်ဦးဖြစ်ကြောင်း မြို့တော်ဝန် ဂျက်ဖရေးဟာဇယ်က ပြောပါတယ်။

ဒီ အဘိုးအိုဟာ အိမ်ထဲမှာ ရှိနေချိန် လေဆင်နှာမောင်းကြောင့် ကားတစ်စီး လွင့်ပါပြီး အိမ်ကို ဝင်ရာကနေ သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required