တောင်ကိုရီးယားကလပ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်း ရှုံးနိမ့်

တောင်ကိုရီးယားကလပ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ဧရာဝတီယူနိုက်တက်အသင်း ရှုံးနိမ့်
ဓာတ်ပုံ-MFF

မေ ၂၈၊ ရန်ကုန် ။     ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်အသင်း နှင့် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းတို့ မေ ၂၈ရက်နေ့ ညနေ့က ရန်ကုန်မြို့၊သုဝဏ္ဏဘောလုံးကွင်းတွင်  ယှဉ်ပြိုင်ကစားရာ ပိုပာန်စတီးအသင်းမှ သွင်းဂိုး ၃ဂိုး၊ ဧရာဝတီယူနိုက်တက်အသင်းမှ သွင်းဂိုး ၂ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။

တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းသည် ပွဲစစချင်း ၁၀ မိနစ်အတွင်း ဧရာဝတီယူနိုက်တက် အသင်းဘက်ကို ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်ဧရာဝတီ အသင်းအနေဖြင့် တိုက်စစ်ပိုင်း နားလည်မှုအလွဲဖြင့်သာ ကစားနိုင်ခဲ့ကာ ပွဲကစားချိန် ၃၀ မိနစ်ကျော်မှသာ ပြန်ဖိအားပေး ကစားပေးနိုင်ခဲ့သည်။ 

ပထမပိုင်း ပွဲပြီးကာနီး မိနစ် ၄၅ မိနစ်အရောက်မှသာ ဧရာဝတီယူနိုက်တက်မှ ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဒုတိယပိုင်း ဆက်လက်ရှင်ပြိုင်ကစားရာတွင် ပွဲကစားချိန် ၅၃ မိနစ်အရောက် တောင်ကိုရီးယားအသင်းသို့ ဧရာဝတီယူနိုက်တက်မှ ချေပဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။

ပွဲကစားချိန် ၆၂ မိနစ်အကျော်တွင် ပိုဟန်စတီးလားစ် အသင်းအနေဖြင့် ဖိအားပေးကစားခဲ့ပြီး ၇၆ မိနစ်အရောက်တွင် ဧရာဝတီအသင်းသို့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။

" ပွဲအစမှာ ၂ ဂိုး သွင်းလိုက်ပါတယ်။ အဲဒီအချိန် ကျွန်တော်တို့က တစ်ဖက်ကစားသမားတွေရဲ့အကြောင်းကို သေသေချာချာ မသိသေးပါဘူး။ ကစားကွက်ကို လျော့ပြီးတော့ကစားတာလည်း မဟုတ်ပါဘူး။ ကစားတဲ့ပေါ်မှာ မူတည်ပြီးတော့ အားကစားသမားတွေရဲ့အခြေအနေကလည်း ရာသီဥတုအပေါ်မှုတည်ပါတယ်။ အဲဒါကြောင့်မို့သာ ကစားကွက် လျော့သွားတယ်လို့ထင်ကြမှာပါ။ အဲဒီအချိန်မှာ ပုံမှန်အတိုင်းပဲ ကစားခဲ့ပါတယ်" ဟု တောင်ကိုရီးယားအသင်းနည်းပြချုပ် ကင်ဂီဒုန်က ပွဲအပြီးတွင် ပြောသည်။

မေ ၃၀ ရက်နေ့ ညနေပိုင်းတွင် တောင်ကိုရီးယားကလပ် ပိုပာန်စတီးလားစ်အသင်း နှင့်မြန်မာလက်ရွေးစင်ယူ ၂၂ အသင်းတို့ ထပ်မံယှဉ်ပြိုင်ကစားသွားကြမည်လည်း ဖြစ်သည်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးကြိမ်ချန်ပီယံဆု ရရှိခဲ့ဖူးသည့် တောင်ကိုရီးယားကလပ် ပိုပာန်စတီလားအသင်းနှင့် မြန်မာ ယူ ၂၂ အသင်း၊ဧရာဝတီယူနိုက်တက်အသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly