Live လွှင့်ခဲ့သူ ဆရာဝန်​အမျိုးသမီးအား ပုဒ်​မ ၃ ခုဖြင်​့ မီးသတ်​တပ်​ဖွဲ့မှ ပြန်​အမှုဖွင်​့

Live လွှင့်ခဲ့သူ ဆရာဝန်​အမျိုးသမီးအား ပုဒ်​မ ၃ ခုဖြင်​့ မီးသတ်​တပ်​ဖွဲ့မှ ပြန်​အမှုဖွင်​့

ရန်​ကုန်​၊ ​မေလ ၂၈ ။      ။ မီးသတ်​ဌာန​ရှေ့တွင်​ ကားရပ်​သည်​့ကိစ္စဖြင့် ​စကားများခဲ့သည်​့ဖြစ်​စဉ်​နှင်​့ပတ်​သက်​ပြီး ​ရွှေပြည်​သာမီးသတ်​တပ်​ဖွဲ့မှ ကားပိုင်​ရှင်​ ဆရာဝန်​အမျိုးသမီးအား ပုဒ်​မ ၃ ခုဖြင်​့ ပြန်​လည်​အမှုဖွင်​့ထား​ကြောင်​း ​ရွှေပြည်​သာမြို့မရဲစခန်​းမှ သိရသည်​။

ဆရာဝန်​အမျိုးသမီးအား ရွှေပြည်သာမြို့မရဲစခန်းတွင်​ (ပ) ၁၈၄၁/၂၀၁၉၊ နိုင်ငံသားများ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွပ်လပ်ခွင့်နှင်​့ လုံခြုံမှုကာကွယ်ရေး ဥပဒေ ပုဒ်မ ၁ဝ၊ (ပ)၁၈၄၂/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ (ပ) ၁၈၄၃/၂၀၁၉၊ မော်တော်ယာဉ်ဥပဒေပုဒ်မ- ၆၅ စသည်​့ပုဒ်​မ ၃ ခုဖြင်​့ ​အမှုဖွင်​့လိုက်​ခြင်​းဖြစ်​​ကြောင်​း ရဲမှတ်​တမ်းများအရ သိရသည်​။

​အဆိုပါ ဆရာဝန်​အမျိုးသမီးကို ​ရွှေပြည်​သာမြို့နယ်​ မီးသတ်​ဦးစီးဌာနမှ ဦးစီးမှူး ဦးသွင်​ယုနိုင်​၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်သက်နောင်တို့က တရားလို ပြုလုပ်​ပြီး ​မေ ၂၈ ရက်​​နေ့တွင်​ အမှုဖွင်​့ခဲ့ခြင်​းဖြစ်​​ကြောင်​း သိရသည်​။

အဆိုပါ ဖြစ်​စဉ်​မှာ ​မေ၂၅ ရက်​​နေ့တွင်​ ဖြစ်​ပွားခဲ့ခြင်​းဖြစ်​ပြီး ဆရာဝန်​အမျိုးသမီးက ​ရွှေပြည်​သာမြို့နယ်​မီးသတ်​ဦးစီးဌာန​ရှေ့နားတွင်​ ကားရပ်​ထားသဖြင်​့ မီးသတ်​ဝန်​ထမ်​းများက ကားမရပ်​ရန်​ သွား​ရောက်​တားမြစ်​ ​ပြောဆိုရာမှ နှစ်​ဖက်​ စကားများခဲ့ကြခြင်​းဖြစ်​​​ကြောင်​း သိရသည်​။

ထိုသို့ စကားများသည်​့ဖြစ်​စဉ်​ကို Mya Wut Yee အ​ကောင်​့မှတစ်​ဆင်​့ အပိုင်​းနှစ်​ပိုင်​းခွဲကာ လူမှုကွန်​ရက်​ စာမျက်​နှာတွင်​ တိုက်​ရိုက်​လွှင်​့တင်​ခဲ့ပြီး ရုပ်​သံဖိုင်​များမှာ ကြည်​့ရှုသူများပြားကာ ​ဝေဖန်​မှုများလည်​း များပြားခဲ့သည်​။

အဆိုပါ ဖြစ်​စဉ်နှင်​့ပတ်​သက်​ပြီး ကားပိုင်​ရှင်​ ဆရာဝန်​အမျိုးသမီးက အချင်​းဖြစ်​ပွားခဲ့သည်​့ ​မေလ ၂၅ ရက်​​နေ့တွင်​ပင်​ ​ရွှေပြည်​သာမြို့နယ်​ မီးသတ်​ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင်​ မီးသတ်​ဝန်​ထမ်​း ၁ဝ ဦးကို ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၃၅၄၊ ၅ဝ၆၊ ၅ဝ၉၊ ၁၁၄ စသည်​့ပုဒ်​မ ၄ ခုဖြင်​့ ​ရွှေပြည်​သာမြို့မရဲစခန်​းတွင်​ အမှုဖွင်​့ထား​ကြောင်​းသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required