အခွင့်အရေး အလွဲသုံးမှုတွေကို တားဆီးဖို့ မြောက်ကိုရီးယားအနေနဲ့ တရားဝင်စျေးကွက် ဖန်တီးပေးရမယ်လို့ ကုလပြော

အခွင့်အရေး အလွဲသုံးမှုတွေကို တားဆီးဖို့ မြောက်ကိုရီးယားအနေနဲ့ တရားဝင်စျေးကွက် ဖန်တီးပေးရမယ်လို့ ကုလပြော

ပြုံယမ်း၊ မေ ၂၈ ။          ။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံအတွင်း အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အစားအစာနဲ့ အဝတ်အထည်တို့လို မရှိမဖြစ် အခြေခံကုန်စည်တွေ အရောင်းအဝယ်လုပ်ကြတဲ့ ကုန်သည်တွေအတွက် တရားဥပဒေမူဘောင်တစ်ရပ် ချမှတ်ဖန်တီးပေးရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။

မြောက်ကိုရီယားနိုင်ငံမှာ ၁၉၉၀ ခုနှစ်တွေ အလယ်ပိုင်းကာလက နိုင်ငံတော် ရိက္ခာခွဲတမ်းစနစ် ပြိုလဲခဲ့ပြီးကတည်းက နိုင်ငံ လူဦးရေရဲ့ လေးပုံသုံးပုံနီးပါးဟာ အသက်ရှင်သန်ရေးအတွက် တစ်သီးပုဂ္ဂလစျေးတွေအပေါ်မှာ မှီခိုနေရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ခန့်မှန်းထုတ်ပြန်ပါတယ်။

ဒီလို တစ်သီပုဂ္ဂလစျေးကွက် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပေမယ့်လည်း ဝေဝေဆာဆာ မရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ နောက်ထပ်ဇစ်မြစ်တစ်ခုသဖွယ်သာ ဖြစ်လာခဲ့တယ်လို့ အဆိုပါ ဌာနက ဖော်ပြပါတယ်။

“မြောက်ကိုရီးယားနိုင်ငံက ပြည်သူတွေဟာ အစိုးရရဲ့ ရိက္ခာခွဲတမ်း ပျက်ကွက်မှုနဲ့ တရားဝင်မဟုတ်တဲ့ စျေးကွက်က ရိက္ခာမှာလည်း စိတ်မချရခြင်း နှစ်ရပ်စလုံးကို ကြုံတွေ့နေရပါတယ်။”လို့ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အစိုးရရဲ့ ရိက္ခာဖြန့်ဝေမှုစနစ်ရဲ့ ပြင်ပန်းက အစားအစာနဲ့ အဝတ်အထည်တွေ ဝယ်ယူတာကို တရားဝင်အဖြစ် သတ်မှတ်ပေးခြင်း မရှိတဲ့အတွက် တရားစွဲဆိုခံရတာတွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာခဲ့ရတယ်လို့ မြောက်ကိုရီးယားပြည်သူ ၂၁၄ ဦးနဲ့ အင်တာဗျူးအချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required