မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုကြောင့် လူ ၃ ဦးထက်မနည်း သေ

မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းတောင်ပိုင်းမှာ အကြမ်းဖက်မှုကြောင့် လူ ၃ ဦးထက်မနည်း သေ

မေ ၂၈  ။        ။ ထိုင်းနိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ တောင်ပိုင်းဒေသမှာ စျေးတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်လို့  လူနှစ်ဦး သေဆုံးသွားတယ်လို့ စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မေလ ၂၈ ရက်မှာ ပြောပါတယ်။

ဒါဟာ အစိုးရက အလိုရှိနေတဲ့ သူပုန်ခေါင်းဆောင်တစ်ဦးကို သုတ်သင်လိုက်မှုအပေါ် ပြန်လည် လက်တုန့်ပြန်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ထိုင်းနိုင်ငံရဲ့ တောင်ဘက်စွန်း ခရိုင်ဒေသတွေဖြစ်တဲ့ ယာလာ၊ ပတ္တနီ နဲ့ နရာသီဝတ် တို့မှာတော့ ၂၀၀၄ နောက်ပိုင်းကတည်းက ပဋိပက္ခ တိုက်ပွဲတွေနဲ့အတူ မငြိမ်မသက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ယင်းတောင်ပိုင်းဒေသမှာ ဖြစ်ထားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများစုအပါအဝင် လူပေါင်း ၇,၀၀၀ ဝန်းကျင်လောက် သေဆုံးထားပြီးဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့လည်ခင်းမှာတော့ သောင်းကျန်းသူတွေဟာ ပတက လူစည်ကားတဲ့ စျေးတစ်ခုမှှာ ဆိုင်ကယ်ဗုံးဖောက်ခွဲခဲ့လို့ အရပ်သား နှစ်ဦး သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သံသယရှိ သူပုန်ခေါင်းဆောင်တစ်ဦးကို အာဏာပိုင်တွေက ၎င်းရဲ့ နေအိမ်မှာ သွားရောက်ဝိုင်းဖမ်းဖို့ ကြိုးစားစဉ် ခုခံလို့ သုတ်သင်လိုက်ရတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required