တရုတ်ကို ရည်ရွယ်ပြီး တိုက်လေယာဉ်တွေ အမြန်လမ်းပေါ် ဆင်းသက်မှု စစ်ရေးလေ့ကျင့်ခန်းကို ထိုင်ဝမ် လုပ်ဆောင်

တရုတ်ကို ရည်ရွယ်ပြီး တိုက်လေယာဉ်တွေ အမြန်လမ်းပေါ် ဆင်းသက်မှု စစ်ရေးလေ့ကျင့်ခန်းကို ထိုင်ဝမ် လုပ်ဆောင်

မေ ၂၈ ။            ။ အမြန်လမ်းတွေပေါ်မှာ တိုက်လေယာဉ်တွေ ဆင်းသက်၊ ဆီဖြည့်၊ လက်နက်ပြန်လည်တပ်ဆင်နိုင်မှု စွမ်းရည်တွေကို ထိုင်ဝမ်တို့ မေလ ၂၈ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါဟာ တရုတ်တို့ဘက်က ထိုင်ဝမ်အပေါ် တကယ်တမ်း ကျူးကျော်လာခဲ့ပါက ခုခံကာကွယ်နိုင်အောင် ရည်ရွယ်ပြီး ကျင်းပတဲ့  တစ်နှစ်တာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ဒေသအဖြစ် ပြုလုပ်တာ ဖြစ်ပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအနေနဲ့ ပေကျင်းအစိုးရရဲ့ ကျူးကျော်လာနိုင်မှု ခြိမ်းခြောက်မှုအောက်မှာ ကာလကြာ နေထိုင်နေရလျက် ရှိပါတယ်။ တရုတ်ပြည်မကြီးဘက်ကတော့ ထိုင်ဝမ်ကို ယင်းရဲ့ နယ်မြေ  တစ်စိတ်တစ်ဒေသအဖြစ်  ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံးပြီး ပြန်လည်သိမ်းယူမယ်လို့ ကြုံးဝါးထားမှုတွေလည်း ရှိထားပါတယ်။

ဒါဟာ ၂၀၁၆ ခုနှစ် ထိုင်ဝမ်မှာ သမ္မတ ဆိုင်အင်ဝမ် အာဏာရလာပြီးနောက်ပိုင်းကတည်းက တရုတ်ရဲ့ စစ်ရေးနဲဲ့ သံတမန်ရေး ဖိအားပေးမှုတွေက သိသိသာသာ တိုးမြင့်လာနေလျက်ရှိပါတယ်။

သမ္မတ ဆိုင်အင်ဝမ် အစိုးရကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းကို တရုတ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားခဲ့ပါတယ်။

မေလ ၂၇ ရက်မှာတော့ ထိုင်ဝမ် လမ်းမတစ်ချို့မှာ အချိန်အတိုင်းအတာ တစ်ခုမျှ လူသူကင်းမဲ့နေခဲ့တာကို တွေ့ရပြီး အာဏာပိုင်တွေကတော့ ကျွန်းရဲ့ မြောက်ခြမ်းမှာ တစ်နှစ်တာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required