ဧဝရက်တောင်ထိပ်မှာ အမှိုက် ၁၁ တန်ခန့်ကို နီပေါ အာဏာပိုင်တွေ ရှင်းလင်းခဲ့ရ

By EFE EPA/AFP
28 May 2019
ဧဝရက်တောင်ထိပ်မှာ အမှိုက် ၁၁ တန်ခန့်ကို နီပေါ အာဏာပိုင်တွေ ရှင်းလင်းခဲ့ရ

မေ ၂၈ ။         ။ ကမ္ဘာ့ အမြင့်ဆုံး တောင်တစ်ခုဖြစ်တဲ့ ဧဝရက်တောင်မှာ သန့်ရှင်းရေးလုပ်ငန်းတွေကို နီပေါအစိုးရက မေ ၂၇ ရက်မှာ အပြီးသတ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ရှင်းလင်းမှုများအတွင်း ဧဝရက်တောင်ထိပ်ပေါ်မှာ ဆယ်စုနှစ်များစွာကြာကတည်းက စုပုံရှိနေခဲ့တဲ့ အမှိုက်သရိုက်ပေါင်း တန်ချိန် ၁၁ တန် နီးပါးခန့်ကို စုစည်း ရှင်းလင်းခဲ့ရကြောင်း နီပေါအာဏာပိုင်တို့က ပြောပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၆၆ နှစ်အကြာက အက်ဒ်မွန် ဟီလာရီနဲ့ တန်ဇင်း နော်ဂေး တို့ နှစ်ဦး ယင်းတောင်ထိပ်ပေါ် ပထမဆုံး ခြေချနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ယခု သန့်ရှင်းရေး အစီအစဉ်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က စခဲ့တာဖြစ်ပါတယ်။

တောင်တက်ကျွမ်းကျင်သူ ၁၂ ဦးပါတဲ့ အထူးအဖွဲ့တစ်ခုက ယင်းတောင်ပေါ်မှာ တစ်လကျော်ကြာ အချိန်ယူပြီး အမှိုက်သရိုက်တွေကို စုစည်းခဲ့တာဖြစ်ပါတယ်။

“ ဒီ အမှိုက်တွေအပြင် ဧဝရက်တောင်ပေါ် ကမ်းစခန်းလေးခုက အလောင်း လေးလောင်းကိုလည်း သယ်ပေးခဲ့ရပါသေးတယ်။ ဒီအလောင်းတွေကတော့ ခတ္တမန္ဒူကို ပြီးခဲ့တဲ့အပတ်ကမှ ရောက်လာခဲ့ပါတယ်” လို့ နီပေါ ခရီးသွားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒန်ဒူ ရာ ဂျီမားက ပြောသွားပါတယ်။

ယခု လုပ်ဆောင်ခဲ့တဲ့ ဧဝရက်တောင်ထိပ် အမှိုက်ရှင်းလင်းရေးလုပ်ငန်းအတွက် ကုန်ကျစရိတ် ကန်ဒေါ်လာ နှစ်သိန်းကျော် အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required