ဂျပန်မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်လို့ လူနှစ်ဦး သေဆုံးဖွယ်ရှိကာ ၁၇ ဦး ဒဏ်ရာရ

ဂျပန်မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်လို့ လူနှစ်ဦး သေဆုံးဖွယ်ရှိကာ ၁၇ ဦး ဒဏ်ရာရ

တိုကျု၊ မေ ၂၈ ။          ။ ဂျပန်နိုင်ငံမှာ ဆိုးဝါးတဲ့ ဓားကိုင််တိုက်ခိုက်မှုတစ်ရပ် မေ ၂၈ ရက် နံနက်ပိုင်းမှာ ဖြစ်ပွားတာကြောင့် ကလေးတစ်ဦးအပါအဝင် လူနှစ်ဦး သေဆုံးဖွယ်ရှိပြီး ၁၇ ဦး ဒဏ်ရာရကြောင်း အရေးပေါ်ဌာနက ပြောပါတယ်။

ဖွံ့ဖြိုးပြီး ဂျပန်နိုင်ငံဟာ အကြမ်းဖက်ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်း နည်းပါးတဲ့ တစ်နိုင်ငံဖြစ်တာကြောင့် အခု ဓားကိုင်တိုက်ခိုက်မှုဟာ ရှားရှားပါးပါး တိုက်ခိုက်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ကာဝါဆာကီမြို့မှာ ဖြစ်ပွားတဲ့  ဒီမှုခင်းဖြစ်ရပ်မှာ ဓားကိုင်တိုက်ခိုက်သူရဲ့ ခုလို ကျူးလွန်ရတဲ့ အကြောင်းရင်းကို လတ်တလော မသိရသေးပါဘူး။

တိုက်ခိုက်တဲ့ အချိန်ဟာလည်း အလုပ်သမားတွေ အလုပ် သွားကြချိန်၊ ကလေးငယ်တွေ ကျောင်းသွားကြချိန် လူစည်ကားတဲ့ အချိန်မှာ ဖြစ်တာပါ။

မီးသတ်ဌာန တာဝန်ရှိသူ ယူဂျီဆီကီဇာဝါက “ဒီတိုက်ခိုက်မှုက ဒဏ်ရာရသူတွေထဲမှာ အမျိုးသားတစ်ဦးနဲ့ ကလေးမလေးတစ်ဦးကတော့ အသက်ရှင်မယ့်ပုံ မရှိဘူး။ ဒီမှုခင်းနဲ့ ပတ်သက်ပြီး ပြောရမယ် စဖြစ်တာကို ကျွန်တော် မီးသတ်ဌာနဆီ နံနက် ၇ နာရီ ၄၄ မိနစ်မှာ အရေးပေါ်ဖုန်းဝင်လာတာ ဖြစ်တယ်။ ဓားကိုင်သူက မဲမဲမြင်ရာ တိုက်ခိုက်တဲ့အထဲမှာ ကလေးငယ်လေးတွေလည်း ဒဏ်ရာရခဲ့တယ်။”လို့ ပြောပါတယ်။

ကျူးလွန်တဲ့ ဓားကိုင်သူကို ဖမ်းမိထားကြောင်း ရဲက ပြောပါတယ်။ ဌာနေမီဒီယာတွေကတော့ အဲဒီ တိုက်ခိုက်သူဟာ ကိုယ်ကိုကို ဓားနဲ့ ပြန်ထိုးလို့ အပြင်းအထန် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ဘီဘီစီ သတင်းတစ်ရပ်မှာတော့ အဲဒီ တိုက်ခိုက်သူဟာ ကိုယ့်လည်ပင်းကို ကိုယ် ဓားနဲ့ ပြန်လှီးကြောင်း၊ ရဲက ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာကြောင့် သေဆုံးကြောင်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required