သတင်းလွတ်လပ်ခွင့် ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲပြုလုပ်

သတင်းလွတ်လပ်ခွင့် ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ဓာတ်ပုံပြပွဲပြုလုပ်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မေ ၂၇ ။           ။ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သတင်းသမားတွေရဲ့ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှု တွေအကြောင်းတွေကို ဓာတ်ပုံမှတ်တမ်းအဖြစ် မေ ၂၇ ရက်က ရန်ကုန်မြို့၊ အောကစ်ခ်ဟောက်စ်မှာ စုစည်းပြသခဲ့ပါတယ်။

မြန်မာသတင်းသမားများ လွတ်လပ်ခွင့်စင်တာမှ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ခေါင်းစဉ်နဲ့ ပြသခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်ရှိမှ အားနည်းချက်တစ်ခု ရှိတယ်။ ပန်းချီပြပွဲတွေ များတယ်။ ဓာတ်ပုံနဲ့ ပတ်သက်တဲ့ပြပွဲတွေ နည်းတယ်။ အခုပွဲက ပြဖို့သက်သက်ပါ။ သတင်းထောက်တွေကို ဒီဟာက သတင်းစာလွတ်လပ်ခွင့် အတူတူ လုပ်ခဲ့ကြတာတွေ၊ ၂၀၁၂ ကနေ ယနေ့အထိ ပုံတွေအကုန်လုံးကို အမှတ်တရ ဖြစ်စေရန်အနေနဲ့  Recall ပြန်ခေါ်တာပေါ့ ။ ငါတို့အရင်တုန်းက အတူလမ်းလျှောက်ခဲ့ကြတယ်။ ငါတို့ အတူတူလုပ်ခဲ့ကြတယ်။ ယနေ့အထိ လည်းသတင်းစာလွတ်လပ်ခွင့်လည်း လုပ်နေရတုန်းပဲ သတင်းစာလွတ်လပ်ခွင့်လည်း လုပ်နေရင်းနဲ့ ရလား ဆိုတော့ မရဘူး ။ အဲဒါကို ပြန်မှတ်မိစေချင်တယ် " ဟု မြန်မာသတင်းလွတ်လပ်ခွင့်စင်တာ ကိုပိုင်စိုးဦးက ပြောသည်။

သတင်းသမားတွေ ကိုယ်တိုင် ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ ဒီဓာတ်ပုံတွေကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြသထားတဲ့ သတင်းဓာတ်ပုံ ၄၀ ခန့်မှာ သတင်းသမားတွေ ဖမ်းဆီးခံရတဲ့ ဓာတ်ပုံတွေပါ ပါဝင်နေပြီး တရားစွဲဆို ခံခဲ့ရသည့် Eleven သတင်းစာတိုက်မှ သတင်းသမားတွေ၊ ရိုက်တာသတင်းဌာနမှ ကိုကျော်စိုးမိုးဦး ၊ ကိုဝလုံးတို့ သတင်းဓာတ်ပုံတွေလည်း ပါဝင်နေပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly