တိုယိုတာကုမ္ပဏီရဲ့ ကားထုတ်လုပ်ရေးစက်ရုံကို သီလဝါမှာ တည်ဆောက်ရန် စီစဉ်နေ

တိုယိုတာကုမ္ပဏီရဲ့ ကားထုတ်လုပ်ရေးစက်ရုံကို သီလဝါမှာ တည်ဆောက်ရန် စီစဉ်နေ
Photo-EPA

မေ ၂၇ ။           ။ ဂျပန်နိုင်ငံက ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Toyota Motor Corp က မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အခုနှစ်အတွင်းမှာ စက်ရုံစတင်တည်ဆောက်မှာဖြစ်ပြီး ဒီမေလ မကုန်ခင် တရားဝင်ထုတ်ပြန်ဖို့ ရှိနေပါတယ်။

အဲဒီ တိုယိုတာစက်ရုံကို ရန်ကုန်မြို့ပြင်ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှာ တည်ဆောက်ဖို့ ရှိပြီး ဂျပန်နိုင်ငံက တင်သွင်းတဲ့ ကားအစိတ်အပိုင်းပစ္စည်းတွေကို ထုတ်လုပ်ရေးစရိတ် သက်သက်သာသာနဲ့ အဲဒီ စက်ရုံကနေ Pickup trucks ကားတွေ တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူဦးရေ သန်း ၅၀ ကျော် ရှိပြီး တောင်ကိုရီးယားနဲ့ စပိန်နိုင်ငံတို့နဲ့ လူဦးရေ တန်းတူလောက်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါအပြင်် ပျမ်းမျှ အသက် ၂၇ ဒသမ ၉ နှစ်ရှိတဲ့ လူဦးရေ များပြားတဲ့ နိုင်ငံလည်းပဲ ဖြစ်ပါတယ်။

အာရှမှာ ဖွံ့ဖြိုးဆဲတစ်နိုင်ငံဖြစ်ပေမယ့် မကြာသေးခင်က စီးပွားရေးခိုင််မာအားကောင်းလာခဲ့ကာ နှစ်စဉ် ဖွံ့ဖြိုးမှုနှုန်းက ၆ ကနေ ၇ အထိ တိုးမြင့်လာမယ်လို့ မျှော်လင့်ချက် ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကားသစ််စီးရေ ၁၇၅၀၀ နီးပါးသာ ရောင်းချခဲ့ရပေမယ့် တမြန်နှစ််ကနဲ့ ယှဉ်ရင်တောတ့ နှစ််ဆကျော် မြင့်တက်ခဲ့တာပါ။

တိုယိုတာကုမ္ပဏီဟာ နှစ်စဉ် မြန်မာနိုင်ငံဆီ ခရီးသည်တင်ကားနဲ့ စီးပွားဖြစ်ကားတွေ စီးရေ ၂၀၀၀ လောက် တင်ပို့နေရပြီး ဖွံ့ဖြိုးကြီးထွားလာမယ့် စျေးကွက်အဖြစ် မြန်မာနိုင်ငံကို ရှုမြင်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly