လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းကိစ္စကို MNL တာဝန်ရှိသူများထံ ရခိုင်ယူနိုက်တက် တိုင်ကြားမည်

လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းကိစ္စကို MNL တာဝန်ရှိသူများထံ ရခိုင်ယူနိုက်တက် တိုင်ကြားမည်
Photo: General Aung San Shield

မေ ၂၆ ။      ။ ပြီးခဲ့သည့် မေ ၂၅ ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဒိုင်း ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ပွဲကြေညာသူ၏ အသုံးအနှုန်းကို မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများထံ အရေးယူပေးရန် တိုင်ကြားသွားမည်ဟု ရခိုင်ယူနိုက်တက်အသင်းမှ ထုတ်ပြန်သည်။ 

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် ရှမ်းယူနိုက်တက်အသင်း နှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် ရှမ်းယူနိုက်တက်က ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

"ပွဲအစီစဉ် ကြေညာသူက လူမျိုးရေးခွဲခြားစော်ကားတဲ့ အသုံးနှုန်းသုံးခဲ့သည်ကို စိတ်မကောင်းစွာ ကြားသိခဲ့ရပါသည်။ ထိုသို႔ သုံးနှုန်းခဲ့သည့်အတွက် မိမိတို ရခိုင်ယူနိုက်တက်အသင်းမှ မြန်မာနေရှင်နဟ်လိဂ်ရုံးသို႔ စုံစမ်းစစ်ဆေးပေးပါရန်နှင့် ရခိုင်လူမျိုး တစ်ရပ်လုံးကို တစ်နိုင်ငံလုံးသို႔ တိုက်ရိုက်  LIVE ထုတ်လှွင့်သောပွဲစဉ်တွင် လူမျိုးရေးစော်ကားသည့် စကားလုံးသုံးခဲ့သူကို အရေးယူပေးရန်တောင်းဆိုမှုကို မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများသို႔ တရားဝင်ကန့်ကွက် ရှုတ်ချကြောင်း ရေးသားတိုင်ကြားသွားမည်" ဟု ယနေ့ မေ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါသူကို မည်သို့အရေးယူမည်ဟုလည်း စောင့်ကြည့်ကာ ပရိသတ်အား ထုတ်ပြန်ကြေညာပေးသွားမည်ဟု ပါရှိသည်။ 

ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသောရုပ်သံဖိုင်တွင် ပွဲအစီစဉ်ကြေညာသူက ဆဲဆိုကာ လူမျိုးရေးခွဲခြားမှုဆန်သည့် အသုံးအနှုန်းကို သုံးနှုန်းပြောဆိုခဲ့သည်ကို တွေ့ရသည်။ 

ယင်းပွဲစဉ်ကို ထုတ်လွှင့်ခဲ့သော My Sports မှ မြဝတီရုပ်သံမှ အဓိကရိုက်ကူးထုတ်လွှင့်ခဲ့မှုကို Live Stream ရယူကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်ကူးထုတ်လွှင့်ရေးအဖွဲ့၏ ပေါ့ဆမှုဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်ထားပြီးကြောင်း လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပ်ကိစ္စနှင့်ပတ်သက်ပြီး MNL တာဝန်ရှိသူများထံ မဇ္ဈိမမှ ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly