အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ

အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသက်ရှူရခက်နေတဲ့ လူတိုင်း စိတ်ညစ်ရတာ ထမင်စားတဲ့အချိန်ပါ။  ကျန်တဲ့အချိန်တွေမှာ ပါးစပ် နှာခေါင်းပေါင်းပြီး   အသက်ရှူလို့ရပေမယ့် ထမင်းစားတဲ့အချိန် ပါးစပ်က အလုပ်လုပ်နေတေ့ာ နှာခေါင်းတစ်ပေါက်တည်းနဲ့ အသက်ရှူရတဲ့အခါ  အသက်ရှူရခက်လာပါတော့တယ်။ ဒီလိုမျိုး ထမင်းစားတိုင်း  အသက်ရှူရကြပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။  ။
အစားစားချိန်မှာ ဖြစ်တာဆိုတော့ အစားကို ဘယ်လိုစားသင့်လဲဆိုတာ ကြည့်ရအောင် ။ ။

( ၁) ထမင်းမစားခင် တစ်နာရီလောက်အလိုမှာ အဆုတ်ကို ရှင်းနေအောင်ထားပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့

  •     အသက်ကို ပြင်းပြင်းရှိုက်ရှူပါ။
  •     လည်ချောင်းထဲမှာ သလိပ်ရှိရင်ထုတ်ပါ။
  •     ရင်ဘတ်ကိုနည်းနည်း ပုတ်ပေးပါ။
  •     ပန်းနာရင်ကြပ်သမားတွေဆိုရင် ရှူဆေးရှူလို့ရပါတယ်။

( ၂ ) ထမင်းမစားခင် ခဏလောက် အနားယူလိုက်ပါ။

( ၃ ) ထမင်းစားတဲ့အချိန်မှာ မတ်မတ်ထိုင်စားပါ။ ဒါမှ ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်ကြားထဲနေရာလွတ်ကျယ်ကျယ်ရသွားလို့ အသက်ရှူရလွယ်စေပါတယ်။

( ၄) အစားအများကြီးမစားပါနဲ့။ အစာအိမ်က ပြည့်တင်းနေတဲ့အခါ  အဆုတ်နဲ့ ရင်ဝမ်းခြားကြွက်သားတို့နေရာကျယ်ကျယ် အလုပ်လုပ်နိုင်ဖို့အတွက် အစာအိမ်တင်းနေလို့ မဖြစ်ပါဘူး။

( ၅ ) အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ တစ်ခါတည်းနဲ့ အပြည့်အကြပ်စားတဲ့အခါ ရင်ဝမ်းခြားကြွက်သားကို အစာအိမ်ကသွားထောက်နေသလိုဖြစ်လို့ အသက်ရှူရ ပိုခက်စေပါတယ်။

( ၆ )လေပွစေတဲ့  အစားအသောက်တွေကို ရှောင်ပါ။

လေပွတဲ့အခါ ဗိုက်ကြီးတင်းနေတတ်ပြီ အသက်ရှူရခက်စေလို့ပါ။ ဒါေ့ကြာင့် လေပွစေတဲ့ အစားအစာတွေဖြစ်တဲ့

  •     ပဲ အမျိုးမျိုး
  •     ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်
  •     ပန်းဂေါ်ဖီ၊ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပဲပင်ပေါက်
  •     သခွားသီး၊ ပန်းသီး
  •     မုန်လာဥဖြူ
  •     ရေကညွန့်၊ ပြောင်းဖူး
  •     ကာဘွန်ပါတဲ့ အချိုရည်တွေ
  •     ဆီကြော်မုန့်တွေနဲ့ အစပ်ပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။

( ၇ ) အစားကို ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ. – ဖြေးဖြေနဲ့ ကြေညက်အောင် ဝါးမှ အစာခြေရလွယ် အစာလည်း မြန်မြန်ကြေပြီး ဗိုက်အောင့်တာ သက်သာစေလို့ အသက်ရှူချောင်စေမှာပါ။

ဒီအချက်လေးတွေကို သာသေချာ လိုက်နာပြီး အစားစားမယ်ဆိုရင် ထမင်းစားတိုင်း အသက်ရှူကြပ်တဲ့ ပြဿနာတွေ ကင်းဝေးစေမှာ အသေအချာပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required