လီကွမ်ယု၏ မြေးဖြစ်သူက လိင်တူချစ်သူနှင့် လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာ

လီကွမ်ယု၏ မြေးဖြစ်သူက လိင်တူချစ်သူနှင့် လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာ
Li Huanwu (R) with his boyfriend Heng Yirui. Photo: Facebook

မေ ၂၆ ။            ။ ခေတ်သစ် စင်ကာပူနိုင်ငံကို ထူထောင်သူ လီကွမ်ယု၏ မြေးယောကျ်ားလေးတစ်ဦးဖြစ်သော လီဟွမ်ဝူက ၎င်း၏ လိင်တူချစ်သူနှင့် တောင်အာဖရိကနိုင်ငံတွင် လက်ထပ်လိုက်ကြောင်း မေ ၂၄ ရက်က ထုတ်ဖော်သွားခဲ့သည်။

အမျိုးသားချင်း လိင်တူချစ်ခင်ဆက်ဆံမှုကို တားမြစ်ထားသော စင်ကာပူတွင် ယခုကဲ့သို့ လီဟွမ်ဝူ၏ ထုတ်ဖော်ချက်ထွက်ရှိလာပြီးနောက် ယင်းအပေါ်တွင် အပြုသဘောဆောင်သည့် တုန့်ပြန်မှု အများစုလည်း စုပြုံပေါ်ထွက်လာခဲ့သည်။

လီရှန်ယန်း၏ ဒုတိယမြောက် သားဖြစ်သော လီဟွမ်ဝူအား မေ ၂၄ ရက်က အွန်လိုင်းပေါ် ရောက်လာခဲ့သည့် Instagram ပို့စ်တစ်ခုတွင် ၎င်း၏ ပါ့တနာဖြစ်သော  ဟုန်ယီရွေ နှင့်အတူ တွေ့ခဲ့ရသည်။

“ ဒီကနေ့မှာ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ စိတ်တူကိုယ်တူ ချစ်သူနဲ့ လက်ထပ်လိုက်ပါတယ်၊ ခုလိုမျိုး ဟွမ်ဝူနဲ့အတူ ရှိနေရတော့မယ့် ရာသက်ပန် အခိုက်အတန့်တွေကို မျှော်လင့်စောင့်စားနေမိပါပြီ” ဆိုသည့် caption တစ်ခုကိုလည်း အတူတွေ့ခဲ့ရသည်။

ယခုကဲ့သို့ လိင်တူချစ်သူအမျိုးသားနှင့် လက်ထပ်လိုက်သော လီဟွမ်ဝူ၏ ဖခင် လီရှန်ယန်းမှာ စင်ကာပူ တည်ထောင်သူ လီကွမ်ယု၏ ဒုတိယမြောက်နှင့် အငယ်ဆုံး သား ဖြစ်သလို လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း၏ ညီလည်း ဖြစ်သည်။

လီ၏ မင်္ဂလာပွဲကို တောင်အာဖရိကတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းနိုင်ငံတွင် လိင်တူလက်ထပ်မှုကို ၂၀၀၆ ခုနှစ်ကစ၍ ဥပဒေက ခွင့်ပြုပေးထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required