မဟာမုနိရုပ်ရှင်တော်ဘုရားကြီး၏ ငါးကန်အတွင်းမှ အသားစား ငါးခူများကို ဖယ်ရှားမည်

26 May 2019
မဟာမုနိရုပ်ရှင်တော်ဘုရားကြီး၏ ငါးကန်အတွင်းမှ အသားစား ငါးခူများကို ဖယ်ရှားမည်

မန္တလေးမြို့၊မဟာမုနိရုပ်ရှင်တော် ဘုရားကြီး၏ ငါးကန်အတွင်း အသားစား ငါးခူများရောက်ရှိနေပြီး ငါးပေါက် ပွားမှုများနေခြင်းကြောင့် ငါးများပြည့်ကျပ်လျက်ရှိရာ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂေါပက အဖွဲ့တို့ ပူးပေါင်း၍ ယခုရက်ပိုင်းတွင် ငါးကန်သန့်ရှင်းခြင်းနှင့် အသားစားငါးခူများကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင် ဦးသန်းလွင်မှ မဇ္စျိမကိုပြောကြားသည်။

အဆိုပါလုပ်ဆောင်မှုအတွက် ငါးလုပ်ငန်းဦးစီးဌာနကို တာဝန်ပေးအပ်ပြီး မွေးရမည့်ငါးနှင့် မမွေးသင့်သော ငါးဟူ၍ ခွဲခြားခြင်း ၊ကန်အတွင်းမှ အညစ်အကြေးများ ဆယ်ယူခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေစုပ်ထုတ်ခြင်း လုပ်ငန်းမှာ ၇ ရက်ခန့်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါငါးကန်ဆယ်ယူ သန့်ရှင်းရေးလုပ်ငန်းကို ယခင်က ၂ ကြိမ်ဆောင်ရွက်ခဲ့ပြီး လက်ရှိ ဂေါပက လက်ထက်တွင် ပထမဆုံးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယခင်က မိုးခါးရေကြောင့် ငါးသေဆုံးမှုများရှိခဲ့ပြီး၊ ကန်များ သန့်ရှင်းရေးအတွက် နေ့စားဝန်ထမ်းတစ်ဦးက နံနက်နှင့် ညနေပိုင်းတို့တွင် လှေတစ်စင်းဖြင့်နေ့စဉ် အမှိုက်များ ဆယ်ယူကြောင်းလည်းသိရသည်။

ရိုက်ကူး - ဘိုဘို/မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly