ဌာနဆိုင်ရာများသည် တိုင်းဒေသကြီး အစိုးရလက်အောက်တွင် ရှိဟု ဝန်းကြီးဆို

26 May 2019
ဌာနဆိုင်ရာများသည် တိုင်းဒေသကြီး အစိုးရလက်အောက်တွင် ရှိဟု ဝန်းကြီးဆို

ဌာနဆိုင်ရာများသည် တိုင်းဒေသကြီးအစိုးရလက်အောက်တွင် ရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ လုပ်ဆောင်မှုများအတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"မင်းတို့တိုင်း မင်းတို့နိုင်အောင်အုပ်ချုပ်၊ အားလုံး ကျွန်တော်တို့အစိုးရလက်အောက်မှာရှိပါတယ်။ဌာနဆိုင်ရာ အကြီးအကဲတစ်ယောက်ပြောင်းချင်ရင် သို့မဟုတ် ရာထူးတိုးချင်ရင် ကျွန်တော်တို့ ကျွန်တော် အဓိကပေါ့။ ဝန်ကြီးချုပ် သို့မဟုတ် အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ တိုးသင့်ရင်တိုးပေးပါတယ်။ ပြောင်းသင့်ရင်ပြောင်းပေးပါတယ်။ အဲဒီတော့ အလွယ်တကူပြောကြမယ်ဆိုရင် အရပ်စကားနဲ့ သူတို့ရဲ့အညှာကိုကိုင်ခွင့်ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တတိယတစ်နှစ်တာ လုပ်ဆောင်မှုများအတွက် သတင်းစာရှင်းလင်းပွဲအား ပုသိမ်မြို့၊ဧရာရွှေဝါခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရိုက်ကူး-စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly