ရတနာပုံမြို့တည်နှစ် ၁၆ဝပြည့် ပွဲတော်အတွက် ဆွမ်းကပ်

25 May 2019
ရတနာပုံမြို့တည်နှစ် ၁၆ဝပြည့် ပွဲတော်အတွက် ဆွမ်းကပ်

ရတနာပုံ(မန္တလေး)မြို့တည် နန်းတည် နှစ် ၁၆၀ ပြည့်ပွဲတော်ကို ၂၀၁၉ ခုနှစ် ၊မေလ ၂၄ ရက်၊ နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ နန်တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် ပြုလုပ်ခဲ့ပြီး သံဃာတော်(၁၀၈)ပါး အား ဆွမ်းဆပ်ကပ်လှူဒါန်းမှုများပြုလုပ်ခဲ့ပါတယ်။

ရတနာပုံ(မန္တလေး)နှင့် ပတ်သက်ပြီး အနွယ်တော်ဝင်များစုပေါင်း၍ ဆယ်စုနှစ်ပြည့်တိုင်း ပွဲတော်ကျင်းပသွား မည်ဖြစ်ပြီးယခုပွဲတော်ကြီးတွင် မြနန်းစံကျော် ရွှေနန်းတော်အရှေ့စမုခ်ဆောင်တွင် သံဃာတော်များကို ဆွမ်း ကပ်ခြင်းနင့်ဧည့်ပရိသတ်များအား ဧည့်ခံခြင်း၊ ဒုတိယနေ့ညနေတွင်၆၆ လမ်းနှင့် ၁၂ လမ်း၊သတ္တဌာနမုခ်ဦး ရှေ့၌ သံဃာတော် အပါး ၁၆၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့်ပွဲတော်် ၃ ရက်တွင် ညနေ ၄ နာရီမှ ၈ နာရီထိဟောပြောပွဲနှင့်နှစ်၁၆ဝပြည့်အထိမ်းအမှတ်၊ဓါတ်ပုံနှင့် ကာတွန်းပြပွဲကို အမျိုးသားကဇာတ်ရုံတွင်ပြုလုပ် မည်ဖြစ်ကာ ဆောင်းပါး/ဝတ္တုတို/ကဗျာပြိုင်ပွဲများလည်း ပါဝင်မည်ဟုသိရပါတယ်။

အဆိုပါပွဲတော် ကျင်းပခြင်းအတွက် မက္ခရာမင်းသားကြီး၏အနွယ်တော်တစ်ဦးဖြစ်သော မက္ခရာသီဟက အခုလို ပြောပါတယ်။

(ရိုက်ကူး - ဘိုဘို/မဇ္ဈိမ)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly