ကိန်းရုပ်ရှင်ပွဲတော် ကော်ဇောနီထက်မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ကိန်းရုပ်ရှင်ပွဲတော် ကော်ဇောနီထက်မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

မေ ၂၄ ။         ။ ပြင်သစ်မှာ ကျင်းပနေလျက် ရှိတဲ့ နိုင်ငံတကာ ကိန်းရုပ်ရှင်ပွဲတော်ကို ပွဲတက်လာတဲ့ ဧည့်သည်အမျိုးသားတစ်ဦးက ၎င်းရဲ့ ချစ်သူကို ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု မေလ ၂၃ ရက်က ဖြစ်ပေါ်ခဲ့ပါတယ်။

၎င်း အမျိုးသား၊ အမျိုးသမီး စုံတွဲဟာ ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာစဉ် ကော်ဇောနီလျှောက်လမ်းထက်မှာပဲ ရုတ်တရက် ဧည့်သည် အမျိုးသားဖြစ်သူက ၎င်းရဲ့ အဖော် အမျိုးသမီးကို လက်ထပ်ခွင့် တောင်းခံခဲ့တာဖြစ်ပါတယ်။

တစ်ခြားသော ပွဲတက် ဧည့်ပရိသတ်တွေ၊ သတင်းမီဒီယာတွေရဲ့ ရှေ့မှောက်မှာပဲ အမျိုးသားဖြစ်သူက ချစ်သူ အမျိုးသမီး ရှေ့မှောက်မှာ ဒူးထောက်ပြီး လက်စွပ်ဘူးလေးကို ထုတ်ဖွင့်ကာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ယင်းအချိန်မှာ အားလုံးရဲ့ အာရုံကလည်း ၎င်းစုံတွဲဆီမှာသာ စုပြုံရောက်နေခဲ့ကြပါတယ်။

အမျိုးသားအတွက် ကံကောင်းတာက ၎င်းရဲ့ ချစ်သူ အမျိုးသမီးက Yes လို့ ပြောလိုက်ပုံ ရပြီး ၎င်းတို့ စုံတွဲဟာ ရပ်ကြည့်နေတဲ့ ပရိသတ်တွေနဲ့ ကင်မရာတွေ ရှေ့မှောက်မှာပဲ အနမ်းပေးပြီး ကြည်နူးပျော်ရွှင်စွာ ဆက်လက် လျှောက်လှမ်းသွားကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကိန်းရုပ်ရှင် ပွဲတော်အတွင်း ပြင်သစ် ဒရာမ ဇာတ်ကား Mektoub, My Love: Intermezzo ပြသတာကို ကြည့်ရှုဖို့အတွက် ပွဲတက်လာစဉ်မှာပဲ ခုလို ဒူးထောက်လက်ထပ်ခွင့်တောင်းဖို့ အမျိုးသားဖြစ်သူက ဆုံံးဖြတ်လိုက်ပုံ ရပါတယ်။

၇၂ ကြိမ်မြောက် ကိန်းရုပ်ရှင် ပွဲတော်ကိုတော့ မေလ ၁၄ ရက်ကနေ မေလ ၂၅ ရက်အထိ ကျင်းပနေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly