LNG ဖြင့် လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းအတွက် မြေယာလျော်ကြေး ကိစ္စများဆောင်ရွက်နေ

24 May 2019
LNG ဖြင့် လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းအတွက် မြေယာလျော်ကြေး ကိစ္စများဆောင်ရွက်နေ

မီးလင်းချိုင့်ဒေသတွင် LNG ဖြင့် လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းအတွက် မြေယာလျော်ကြေး ကိစ္စများကို ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
“ပြည်ထောင်စု စွမ်းအင်ဝန်ကြီးဌာနက လုပ်ရမယ့်ဟာရှိတယ်။ ကျွန်တော်တို ့တိုင်းဒေသကြီးအစိုးရက အောက် ခြေမှာ လုပ်ဆောင်တဲ့အချက်အလက်တွေ တင်ပြထားတာရှိပါတယ်။ ဒေသခံမြေယာနဲ ့ပတ်သက်ပြီး မြို့နယ် လယ်စီကတဆင့် ဆင့်ကဲဆင့်ကဲတက်လာပြီး စျေးနှုန်းတွေကို ကဘိနက်မှာ ဆုံးဖြတ်ပြီးဖြစ်ပါတယ်”ဟု ဦးဝင်းဌေးက ပြောသည်။

အဆိုပါဒေသတွင် မြေယာနစ်နာကြေးပေးရန် ဧက ၈ဝဝကျော်ရှိပြီး မြေယာများကို မြေအမျိုးအစား ခွဲခြင်း၊ ဦးပိုင်အမှတ်နှင့် မြေဧကကွက်များကို ကွင်းဆင်းစစ်ဆေးခြင်း ကမ်းခြေဗျူးအကျယ်အဝန်း စသည်တို့ကို ဆောင် ရွက်နေပြီး ဒေသခံများအတွက် နစ်နာကြေး အမြန်ဆုံးပြန်ပေးချေရန် ဆောင်ရွက်နေကြောင်း သိရသည်။
ရိုက်ကူး- စည်သူမောင်မောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly