အစိုးရအပေါ် သုတေသနပြုပြီး ကိန်းဂဏန်းများဖြင့် ဝေဖန်မှုမျိုး မရှိသေးဟု ဧရာဝတီ ဝန်ကြီးချုပ်ဆို

24 May 2019
အစိုးရအပေါ် သုတေသနပြုပြီး ကိန်းဂဏန်းများဖြင့် ဝေဖန်မှုမျိုး မရှိသေးဟု ဧရာဝတီ ဝန်ကြီးချုပ်ဆို

အစိုးရအပေါ် ဝေဖန်မှုများ ပြုလုပ်ရာတွင် သုတေသနပြုပြီး ကိန်းဂဏန်းများဖြင့် ဝေဖန်မှုမျိုးမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

“ဝေဖန်မှုများက ဘယ်သူမှ သုတေသနပြုပြီးတော့ ကိန်းဂဏန်းနဲ ့တွက်ပြီးတော့ ဒီလိုရှိပါတယ်လို့ ပြောတဲ့သူ မရှိပါဘူး။ အထင်နဲ ့အမြင်နဲ ့အကြားနဲ ့အဲဒီအပေါ်မှာသူတို ့ စိတ်ခံစားမှုနဲ ့ဒီဟာတွေကို အခြေခံပြီး ပြောတဲ့အခါမှာ အဖြေတွေက ကျွန်တော့်အနေနဲ ့မှန်ချင်လည်းမှန်မယ်။ မှားချင်လည်းမှားမယ်”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာဆောင်ရွက်ချက်များအတွက် ပြုလုပ်သော သတင်း စာရှင်းလင်းပွဲကို ပုသိမ်မြို့နယ်ရှိ ဧရာရွှေဝါခန်းမတွင် မေလ၂၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရိုက်ကူး-စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly