နောက်တစ်ကြိမ် မြန်မာပြည်လာသည့်အခါ ရွှေတိဂုံဘုရားသို့ အရောက်သွားမည်ဟု Pee Meek မင်းသား Mario Maurer ပြော

နောက်တစ်ကြိမ် မြန်မာပြည်လာသည့်အခါ ရွှေတိဂုံဘုရားသို့ အရောက်သွားမည်ဟု Pee Meek မင်းသား Mario Maurer ပြော

ရန်ကုန်၊ အောက်တိုဘာ ၇ ။            ။ Pee Meek မင်းသား Mario Maurer သည် အောက်တိုဘာ ၆ရက်တွင် ဆီဒီုးနား ဟိုတယ်၌ ပြုလုပ်သည့် Pond’s Men Energy Charge ထုတ်ကုန်များအတွက် မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၇ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

Pee Meek မင်းသား Mario Maurer သည် ပထမဆုံးအကြိမ် မြန်မာပြည် လာရောက်ရသည့်အတွက် အထူးပင် ဝမ်းသာမိကြောင်း မြန်မာပြည်တွင် Pond’s Men ကို support လုပ်ဖို့လာသည့် အခါတွင် Funများနှင့် တွေ့ဆုံရန် စဉ်းစားခဲ့သည်ဟု သူက ထုတ်ဖော်ပြောကြားသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ၎င်း၏ Fun များက လေဆိပ်တွင် လာရောက် ကြိုဆိုကြသည့်အတွက် ဝမ်းသာမိကြောင်း Pond’s Men Product Launch မိတ်ဆက်ပွဲ၌ မီဒီယာများနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး" မြန်မာနိုင်ငံသည် ယဉ်ကျေးမှုများစွာဖြင့် လှပတဲ့ နိုင်ငံတစ်ခု ဖြစ်ကြောင်းကို မြန်မာနိုင်ငံ ကို မလာရောက်ခင်ကတည်းက သိပါတယ်။ အခု တစ်ခေါက်မှာ အချိန်မရတဲ့အတွက် ဘယ်မှ မသွားဖြစ်ပေမယ့် နောက်တစ်ခါ လာရောက်တဲ့အခါမှာ ရွှေတိဂုံဘုရားကို အရောက်သွားမှာ အသေအချာပါပဲ" ဟု မီဒီယာများကို ပြောကြားခဲ့သည်။

Pee Meek မင်းသား Mario Maurer သည် Pond’s Men Energy Charge ထုတ်ကုန်များ အတွက် မြန်မာနိုင်ငံတွင် တရားင် မိတ်ဆက်ခြင်း အခမ်းအနားကို တက်ရောက်ရန် အောက်တိုဘာ ၆ရက် နံနက် ၉နာရီတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သည်။

ညပိုင်းတွင် ဆီဒီုးနားဟိုတယ်၌ ပြုလုပ်သည့် Pond’s Men Energy Charge ထုတ်ကုန်များ အတွက် မြန်မာနိုင်ငံတွင် တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး ၎င်းနှင့် အတူ ကုန်အမှတ်တံဆိပ်၏ မြန်မာနိုင်ငံမှ သံတမန်များ ဖြစ်သည့် နိုင်နိုင်း၊ စည်သူအောင်၊ အောင်ထက် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တခြားသော အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြသည်။

Mario Maurer သည် ထိုင်း၊ တရုတ် နှင့် ဂျာမနီ သွေးစပ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မွေးဖွားသူ တစ်ဦး ဖြစ်သည်။ အသက် ၁၆နှစ်မှ စပြီး အနုပညာလောက အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဓာတ်ပုံမော်ဒယ်၊ ကြော်ငြာနှင့် Music Video များတွင် သရုပ်ဆောင်ခြင်းဖြင့် စတင်ခဲ့သည်။

၂၀၀၇ခုနှစ်တွင် ပြသခဲ့သည့် The Love Of Siam ဇာတ်ကားတွင် Tong ဟူသော ဇာတ်ကောင် စရိုက်ဖြင့် ထိုင်းနိုင်ငံတွင် သာမက နိုင်ငံပေါင်း များစွာ တို့တွင် နာမည်ကျော် လူသိများခဲ့သည်။ ၂၀၁၀ ခုနှစ်တွင်လည်း First Love ဇာတ်ကားတွင် Chon ဟူသော ဇာတ်ကောင် စရိုက်ဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကို ဆွတ်ခူး ရရှိခဲ့သည်။

မြန်မာ ပရိသတ်များသည် Mario Maurer ကို Pee Mak ဇာတ်ကားဖြင့် လူသိ များခဲ့ပြီး ထို ဇာတ်ကားသည် ၂၀၁၃ ခုနှစ်တွင် ထွက်ရှိ ခဲ့သည့် ထိုင်ဟာသ သရဲကား ဖြစ်ပြီး Mae Nak Phra Khanong ဇာတ်ကားကို ပြန်လည် အသက်သွင်း ပုံပြောင်း ရိုက်ကူး ထားသည့် ဇာတ်ကား ဖြစ်သည်။ ထိုဇာတ်ကားသည် အာရှ တစ်ခွင်တွင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ယခုအချိန်ထိ ထိုင်းဘတ်ငွေ သန်း၁၀၀၀( ကန် ၃၃သန်း)ကျော် ဝင်ငွေ စံချိန်တင်ခဲ့သည့် ဇာတ်ကား ဖြစ်သည်။

Mario Maurer သည် Pee Mak ဇာတ်ကားဖြင့် Thai Siam Dara Sara Awards မှ ချီးမြှင့်သည့် အကောင်းဆုံး မင်းသားဆု၊ Seventeen Choice Awards မှ ချီးမြှင့်သည့် တစ်နှစ်တာ အတွက် ဆွဲဆောင်မှု အရှိဆုံး မင်းသားဆုတို့ကို ဆွတ်ခူး ရရှိခဲ့သည်။

မြန်မာနိုင်ငံသို့ တစ်ရက်ကြာ လာရောက်ခဲ့သည့် Pee Mak မင်းသား Mario Maurerသည် အောက်တိုဘာ ၇ရက်တွင် နံနက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required