အိန္ဒိယ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် ဝန်ကြီးချုပ် မိုဒီ အောင်နိုင်ပွဲခံ မိန့်ခွန်းပြောကြား

အိန္ဒိယ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီးနောက် ဝန်ကြီးချုပ် မိုဒီ အောင်နိုင်ပွဲခံ မိန့်ခွန်းပြောကြား

နယူးဒေလီ၊ မေ ၂၄ ။           ။ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရတဲ့ ဝန်ကြီးချုပ် မိုဒီဟာ အောင်နိုင်ပွဲ မိန့်ခွန်း ပြောကြားပါတယ်။

သောင်းသောင်းဖြဖြ ရှိနေတဲ့ ထောက််ခံသူတွေက ဒရမ်တွေကို တီးရင်း အချင်းချင်းလည်း ကုံကုမံဆေးအဝါတွေနဲ့ ဖြန်းပက်ကြပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပပါတယ်။

အမျိုးသားရေးဝါဒီ မိုဒီရဲ့ ဒီတစ်ကြိမ် ထပ်မံအနိုင်ရတာဟာ ၎င်းရဲ့ ပါတီ BJP ပါတီကို ထောက်ခံသူတွေနဲ့ အတိုက်အခံ ကွန်ဂရက်ပါတီကိုပါ ရင်သပ်ရှုမောစရာ ဖြစ်သွားအောင် သောင်ပြိုကမ်းပြို အောင်ပွဲခံလိုက်နိုင််တာပဲ ဖြစ်ပါတယ်။

“ကျွန််တော်တို့ အားလုံးဟာ အိန္ဒိယကို အသစ် ဖြစ်ထွန်းချင်ကြတယ်။ ကျွန််တော်အနေနဲ့ အားလုံးကို ဦးညွတ်ဂါရဝပြုလိုပြီး ကျေးဇူးတင်ကြောင်း ပြောလိုတယ်။”လို့ မိုဒီက မိန့််ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

မိုဒီရဲ့ BJP ပါတီဟာ ပါလီမန် အမတ်နေရာ ၅၄၃ နေရာမှာ ၃၀၀ လောက်အထိ ရရှိထားတာ ဖြစ်ပါတယ်။ ဒါဟာဆိုရင်် ၂၀၁၄ ရွေးကောက််ပွဲက အနိုင်မဲရလဒ်ထက်တောင် သာလွန်နေတာပဲ ဖြစ်ပါတယ်။

အဓိကပြိုင်ဖက်ပါတီဖြစ်တဲ့ ရာအူးဂန္ဓီဦးဆောင်တဲ့ ကွန်ဂရက်ပါတီကလည်း ၎င်းတို့ ရှုံးနိမ့်ကြောင်းကို ဝန်ခံထားပါတယ်။
ဝေဖန်သူတွေကတော့ BJP ပါတီဟာ အိန္ဒိယက ဘာသာရေးလူနည်းစုတွေကို ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲထားကြတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ မွတ်စလင်ဦးရေဟာ သန်း ၁၇၀ ရှိထားတာ ဖြစ်ပါတယ်။
မိုဒီရဲ့ လက်ထက်မှာ မွတ်စလင်တွေနဲ့ ဇာတ်နိမ့်တွေကို အမဲသား စားတာ၊ သတ်ဖြတ်တာတွေအတွက် လူအုပ်စုက သတ်ဖြတ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly