မြေယာအခွန်နှုန်းထားများ ပြင်ဆင်ရန် လွှတ်တော်သို့ အဆိုတင်

24 May 2019
မြေယာအခွန်နှုန်းထားများ ပြင်ဆင်ရန် လွှတ်တော်သို့ အဆိုတင်

ဧရာဝတီတိုင်းအတွင်း မြေယာအခွန်နှုန်းများပြင်ဆင်ရန်အတွက် တိုင်းလွှတ်တော်သို ့ စိုက်ပျိုးရေး မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးက တင်သွင်းခဲ့သည်။

“အရင်တုန်းက ကျွန်တော်တို့က အင်္ဂလိပ်လက်ထက်ထဲက ကောက်ခံခဲ့တဲ့ အခွန်နှုန်းတွေက အများဆုံးမှ တစ်ဧကကို ၈ကျပ်၂၅ပြား၊အနည်းဆုံးက ၁ကျပ်အထိရတယ်။ အခုသိတဲ့အတိုင်းပဲ၊ ရတဲ့အခွန်ဘဏ္ဍာ တွေက လည်း တိုင်းဒေသကြီးအစိုးရ အခွန်ဘဏ္ဍာရမှ တိုင်းဒေသကြီးအစိုးရအဖွဲ ့က ဝင်ငွေတိုးအောင် နည်းလမ်း ပေါင်းဆုံနဲ ့ကြိုးစားနေတာလည်း ခင်ဗျားတို ့အသိအတိုင်း၊ကျွန်တော်တင်လိုက်တဲ့ နှုန်းထားတွေအတိုင်း လွှတ်တော်ကသာ အတည်ပြုလိုက်မယ်ဆိုရင် အစိုးရအနေနဲ ့အခွန်ဘဏ္ဍာအများကြီးတိုးတက်ရပြီး ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေ အများကြီးဆောင်ရွက်နိုင်မယ်”ဟု စိုက်ပျိုးရေး မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောသည်။

မြေယာအခွန်ဥပဒေပြင်ဆင်ပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီးလွှတ်တော်သို မေလ၂၃ ရက် နေ့က ပြုလုပ်သော ၁၈ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အစိုးရအဖွဲ ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူးရေး၊ သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ဥပဒေကြမ်းတွင် အဓိက အခွန်နှုန်းထားများကို ပြင်ဆင်ခြင်းနှင့် အခေါ်အဝေါ်များပြင်ဆင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly