ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်နှင့် အထောက်အကူပြု ပစ္စည်းများလွှဲပြောင်းပေးအပ်

24 May 2019
ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံသစ်နှင့် အထောက်အကူပြု ပစ္စည်းများလွှဲပြောင်းပေးအပ်

ညောင်ရွှေနဲ့ တောင်ကြီးမြို့နယ်အနီးတဝှိုက်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်တွေရရှိလာစေမယ့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဘက်ကို အော်ရီဒူးမြန်မာကနေ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အသစ်ဆောက်လုပ်ပြီးစီးသွားတဲ့ ၁၆ ခုနဲ့ ၁၇ ခုမြောက် ပဏာမကျန်းမာရေးရှောက်မှုကွန်ယက်တွေကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး လွှဲပြောင်းပေးအပ်ပွဲကို မေလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် သာလေး အခြေ ခံကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်မှာ ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်များတွင် လူနာစမ်းသပ်ခန်းမျညး၊ သားဖွားခန်းများ၊ ဆေးသိုလှောင်ခန်းများ၊ပရိဘောဂပစ္စည်းများ၊ ရေနဲ့ ရေဆိုးနုတ်ပယ်ရေးစနစ်များ၊ နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအင်နဲ့ အကြီးတန်း၊ အငယ်တန်းဝန်ဖမ်းတွေအတွက် သီးသန့်အိမ်ခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly