မင်းထင်ကိုကိုကြီးရုံးချိန်းတွင် "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အကျႌများဖြင့် လှုပ်ရှားမှုပြုလုပ်

24 May 2019
မင်းထင်ကိုကိုကြီးရုံးချိန်းတွင် "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အကျႌများဖြင့် လှုပ်ရှားမှုပြုလုပ်

တပ်မတော်ဘက်မှ ပုဒ်မ နှစ်ခုဖြင့် တရားစွဲထားသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား မေလ ၂၃ ရက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယခုရုံးချိန်းတွင်လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများက " တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အပြာရောင် အကျႌများ ဝတ်ဆင်ကာ လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုကို တပ်မတော်ဘက်မှ တရားစွဲဆိုထားသော ရုံးချိန်းတိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) ဖြင့် အင်းစိန်မြို့မရဲစခန်းတွင်တရားစွဲခဲ့ပြီး အင်းစိန်မြို့နယ်တရားရုံးတွင်လည်း ပုဒ်မ- ၅ဝ၅ (က)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်သည်ဟုဆိုကာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ဘက်မှ အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly