ယူရိုပြိုင်ပွဲ မျှော်လင့်ချက်အတွက် နောက်ဆုံးဗိုလ်လုပွဲနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဟု စနိုက်ဒါပြော

ယူရိုပြိုင်ပွဲ မျှော်လင့်ချက်အတွက် နောက်ဆုံးဗိုလ်လုပွဲနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဟု စနိုက်ဒါပြော

အမ်စတာဒမ်၊ အောက်တိုဘာ ၇ ။            ။ နယ်သာလန်အသင်း၏ အဓိက ကွင်းလယ်ကစားသမား စနိုက်ဒါက ၂၀၁၆ ယူရိုပြိုင်ပွဲဝင်ခွင့် မျှော်လင့်ချက်အတွက် နောက်ဆုံးဗိုလ်လုပွဲနှစ်ပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယူရိုခြေစစ်ပွဲ နောက်ဆုံးပွဲစဉ် ၂ ပွဲသာ ယှဉ်ပြိုင်ရန် ကျန်ရှိတော့သည့်အချိန်တွင် နယ်သာလန်အသင်းသည် အုပ်စု(က)တွင် ရမှတ် ၁၀ မှတ်သာ ရရှိထားပြီး အိုက်စလန်၊ ချက်နှင့် တူရကီတို့၏နောက် အဆင့်လေးနေရာတွင် ရပ်တည်နေသည်။

အိုက်စလန်နှင့် ချက်တို့က ၁၉ မှတ်စီဖြင့် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပြီး တူရကီမှာ ၁၂ မှတ်ရရှိထားသည့်အတွက် နယ်သာလန်အသင်းအနေဖြင့် နောက်ဆုံးနှစ်ပွဲစလုံးအနိုင်ရလျှင်တောင် Play off ကစားခွင့်ရရန်အတွက် တူရကီအသင်း၏ ရလဒ်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

နယ်သာလန်အသင်းသည် ကာဇက်စတန်၊ ချက်တို့နှင့် ကစားရန် ကျန်ရှိနေပြီး နှစ်ပွဲစလုံးကို အနိုင်ကစားရန် အသင်းဖော်များကို စနိုက်ဒါက တိုက်တွန်းလိုက်သည်။

'ကျွန်တော်တို့ ခြောက်မှတ်ရဖို့ လိုအပ်ပါတယ်။ ဒါကရိုးရိုးရှင်းရှင်းလေးပါ။ လက်ကျန် ဗိုလ်လုပွဲနှစ်ပွဲ ယှဉ်ပြိုင်ရမယ်လို့ နှစ်ကြိမ်လောက်ပြောခဲ့ပြီးပါပြီ။ အခု ဒီအခြေအနေကို လက်တွေ့ရင်ဆိုင်ရပြီဖြစ်ပါတယ်။

ဒါက နောက်ဆုံးပွဲစဉ်နှစ်ပွဲပါပဲ။ သေချာပေါက် အမှတ်ပြည့်ရဖို့ ကြိုးစားပြီး တူရကီရဲ့ ရလဒ်ကိုစောင့်ကြည့်ရပါမယ်' ဟု စနိုက်ဒါက ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly