Panasonic က Huawei နဲ့အကြား လုပ်ငန်းလုပ်ကိုင်မှုကို ရပ်ဆိုင်း

Panasonic က Huawei နဲ့အကြား လုပ်ငန်းလုပ်ကိုင်မှုကို ရပ်ဆိုင်း

မေ ၂၃ ။                  ။ အမေရိကန်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို လိုက်နာသောအားဖြင့် ဂျပန် အီလက်ထရောနစ်ကုမ္ပဏီ Panasonic က တရုတ်နည်းပညာကုမ္ပဏီ Huawei နဲ့အကြား စီးပွားရေးလုပ်ငန်း ပတ်သက် လုပ်ကိုင်မှုတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ယင်းကတော့ တရုတ် တယ်လီကွန်း ကုမ္ပဏီ Huawei အတွက် နောက်ထပ် အထိနာမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်ရေး နာမည်ပျက်စာရင်းထဲမှာ သွင်းလိုက်တဲ့အတွက်ကြောင့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လိုင်စင်မရှိဘဲ Huawei နဲ့အကြား ရောင်းဝယ်မှုတွေကို လုပ်လို့ မရနိုင်တော့ပါဘူး။

“Huawei နဲ့အကြား အရောင်းအဝယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုအားလုံံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်” ဆိုပြီး Panasonic က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားခဲ့ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုအပြီးမှာပဲ ဗြိတိန်နဲ့ ဂျပန်တို့ရှိ mobile carriers ကုမ္ပဏီတွေကလည်း Huawei စမတ်ဖုန်း ထုတ်ဖော်မှုတွေကို ရွှေ့ဆိုင်းသွားတော့မယ်ဆိုပြီး ကြေညာထားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly