ကဏ္ဍအသစ်များဖြင့် ဒုတိယအကြိမ်မြောက် Myanmar Influencer Awards 2018 ဆုပေးပွဲ

ကဏ္ဍအသစ်များဖြင့် ဒုတိယအကြိမ်မြောက် Myanmar Influencer Awards 2018 ဆုပေးပွဲ
ဓာတ်ပုံ - သက်ကို

မေလ ၂၃ ။          ။ ဒုတိယအကြိမ်မြောက် Myanmar Influencer Awards 2018  ဆုပေးပွဲကို မေ ၂၂ရက် ညနေ ၆နာရီက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ပြီး လူမူကွန်ယက်နယ်ပယ်တွင် ကဏ္ဍအသီးသီးမှ ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ် အချို့ကို ဆုများ ချီးမြင့်ခဲ့သည်။

Myanmar Influencer Awards 2018  ဆုပေးပွဲတွင် ယခုနှစ်၌ Cooking အချက်အပြုတ်ကဏ္ဍ အသစ်တစ်ခု ပါဝင်လာပြီး အဆိုပါ ဆုကို ရရှိခဲ့သည့် မနန္ဒာ ကရရှိခဲ့သည်။

" ဒီဆုလေးရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နန္ဒာ ဒီထက်ပိုပြီးတော့ လည်းအထောက်အကူဖြစ်စေတယ်။ အခုဆို ပာင်းချက်နည်းလေးတွေလည်း သင်ပေးတယ်။ မီးဖိုချောင်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကိုလည်း တင်ပေးနေပါတယ်။ နောက်ပိုင်းဆိုရင် နန္ဒာ Kitchen ကိုအားပေးနေတဲ့ ပရိသတ်တွေကို ပိုပြီးအကျိုးရှိစေမယ့် ထုတ်ကုန်တွေ ၊ ကုန်ပစ္စည်းတွေနဲ့ ပူးပေါင်းပြီး လုပ်သွားမယ့် အစီစဉ်လေးလည်းအများကြီးရှိပါတယ်။ သူတို့ လေးတွေအတွက် ပိုပြီးတော့အသုံးဝင်စေမယ့် အကုန်လုံးအတွက်အကျိုးရှိစေမယ့် နန္ဒာ အမှတ်တံဆိပ် အနေနဲ့ ထုတ်ပေးဖို့ ရည်မှန်းချက်အိပ်မက် ရှိပါတယ်။ ရည်မှန်းချက်အိပ်မက်လေး ဖြစ်ပေါ်လာအောင် အားလုံး အားပေးကြပါ " ဟု မနန္ဒာက ပြောသည်။

လူမှုကွန်ယက်ပေါ်တွင် အကြောင်းအရာ ဖန်တီးသူများ၊ ပိုမိုကောင်းမွန်သော အကြောင်းအရာများ ဖန်တီးနိုင် ရေးအတွက် ထူးချွန်သူများကို Myanmar Influencer Awards ဆုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် အတွက် ကဏ္ဍအသီးသီးမှ အကြောင်းအရာအစုံအလင်ကို ဖန်တီးခဲ့သော Influencer ၂၀၀ ကျော်ထဲမှ ထူးချွန်သူ ၁၅ ဦးကို သက်ဆိုင်ရာကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ  ၊ ဒိုင်များ ၊ ပရိသတ်များက မဲပေးရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်ပျော်ပါတယ်။ ပျော်တာထက် ကျွန်တော်တို့ Joxx studio ကနေ အဆက်မပြတ် လုပ်ပေး ခဲ့တဲ့လူတွေရော ပရိသတ်တွေ ရဲ့ကိုယ်စားပျော်ပါတယ်။ ကျွန်တော်တို့ ၂၀၁၅ခုနှစ်အစ မှတည်ထောင်ခဲ့တယ်။ ပထမဆုံး Facebook Sticker လေးတွေ ထုတ်ခဲ့တယ်။ ပန်းစကား Sticker ပေါ့ ။ အမုန်းမပွား ပန်းစကားပေါ့။ လူငယ် အနုပညာရှင်တွေနဲ့ပဲ ပုံဆွဲတယ်။ Animation လေးလုပ်ပါတယ်။ ဒုတိယနှစ်မှက ဂွမ်း University လုပ်ဖြစ်ပါတယ်။ တတိယနှစ်မှက Sassy Boung လုပ်ဖြစ်ပါတယ် " ဟု Art & Design (အနုပညာနှင့် ဒီဇိုင်း ကဏ္ဍ) ဆု ရရှိခဲ့သည့် လူမူကွန်ယက်စာမျက်နှာပေါ်တွင် ပညာပေးဟာသအမြင်ဖြင့် ရေးစွဲလေ့ရှိသည့် Sassy Bound စာမျက်နှာမှ ပဲ့ကိုင်ရှင် ကိုဇေယျဝင်းထက် က ပြောသည်။

ဒုတိယအကြိမ်မြောက် Myanmar Influencer Awards 2018  ဆု ပေးအပ်ပွဲ အခမ်းအနားတွင်  Food (အစားအသောက်ကဏ္ဍ) ဆုကို Food In Yangon ၊ Art & Design (အနုပညာနှင့် ဒီဇိုင်းကဏ္ဍ) ဆုအတွက် Sassy Bound ၊Fan’s Favourite ဆုကို ထက်ရှိုင်းအောင်(Video Creator)၊ Beauty (အလှအပရေးရာကဏ္ဍ) ဆုကို Carrieland ၊ Cooking( အချက်အပြုတ်ကဏ္ဍ)ဆုကို Nanda’s Kitchen ၊ General (အထွေထွေကဏ္ဍ) ဆုကို ခင်နှင်းကြည်သာ၊ Life Style ( လူနေမှုဘဝကဏ္ဍ ) ဆုကို ရန်ကုန်သူမီရှဲလ်၊ Celebrity ( နာမည် ကျော်ပြီးသားသူများ ကဏ္ဍ) ဆုကို ဖြူဖြူထွေး၊ Info and Knowledge (သတင်းအချက်အလက်နှင့် ဗဟုသုတ ကဏ္ဍ ) ဆုကို ဖြိုးသီဟ၊ Gadget and Gaming ( အိုင်တီကိရိယာနှင့် ဂိမ်းကစားခြင်းကဏ္ဍ) ဆုကို TBH Labs and Shine Lay ၊ Travel (ခရီးသွားကဏ္ဍ) ဆုကို Travel by Naw Hteik ၊ Parenting and health (ကျန်းမာ ရေး/မိခင်နှင့်ကလေးကဏ္ဍ) ဆုကို Child Health Myanmar ၊ Micro Infurencer ဆုကို Your Myoe -Your Dentist ၊ Influrencer of the year ဆုကို Travel by Kueen တို့က အသီးသီးရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly