ရာဇဝတ်သားများထံမှ သိမ်းဆည်းရမိထားသော ဇိမ်ခံကားများကို လေလံတင်ပြီး အကျိုးအမြတ်ကို မရှိဆင်းရဲသားများထံ ပြန်ပေးရန် မက္ကဆီကိုအစိုးရ စီစဉ်

ရာဇဝတ်သားများထံမှ သိမ်းဆည်းရမိထားသော ဇိမ်ခံကားများကို လေလံတင်ပြီး အကျိုးအမြတ်ကို မရှိဆင်းရဲသားများထံ ပြန်ပေးရန် မက္ကဆီကိုအစိုးရ စီစဉ်

မေ ၂၃ ။         ။ မက္ကဆီကိုနိုင်ငံတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော တရားမဝင် ဇိမ်ခံကား ဒါဇင်ပေါင်းများစွာကို လေလံတင်ရောင်းချပြီး ယင်းကနေတဆင့် ရလာသည့်အကျိုးအမြတ်များကို မရှိနွမ်းပါးသည့် လူအစုအဖွဲ့များအတွက် ပြန်လည်အသုံးပြုပေးသွားရန် အစိုးရက စီစဉ်နေလျက် ရှိသည်။

ရာဇဝတ်သားများထံကနေ သိမ်းဆည်းရမိထားသော ဇိမ်ခံကား စီးရေ ၈၂ စီးကို ယခု လေလံပွဲတွင် ရောင်းချသွားဖို့ ရှိနေသည်။

ရရှိလာမည့် ငွေကြေးအကျိုးအမြတ်များကို ဆင်းရဲနွမ်းပါးသော လူအစုအဖွဲ့များအတွင်း ပြန်လည် ရင်းနှီးမြုှပ်နှံပေးသွားမည်ဖြစ်ကြောင်း မက္ကဆီကို သမ္မတ အန်ဒရိစ် မန်နျူရယ် လိုပက်ဇ် အိုဘာရာဒေါက ပြောသည်။

သိမ်းဆည်းရမိထားသော ဇိမ်ခံကားများထဲတွင် Lamborghini Murcielago နှင့် Porsche ကားများအပြင် တန်ဖိုးကြီး ကျည်ကာကားများလည်း ပါဝင်နေလျက် ရှိသည်။

အဆိုပါ ဇိမ်ခံကားများ လေလံတင်ရောင်းချပွဲကို လာမည့် မေလ ၂၅ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ္မတ အိုဘရာဒေါက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ရာဇဝတ်မှုများ၊ အကျင့်ပျက်ခြစားမှုများ ထူပြောနေခဲ့သည့် နိုင်ငံကို ၎င်းလက်ထက်တွင် အလုံးစုံံ ပြုပြင်ပြောင်းလဲပေးသွားမည်ဟု ယမန်နှစ် ဒီဇင်ဘာလကမှ စတင်အာဏာရလာခဲ့သော မက္ကဆီကို သမ္မတ အိုဘရာဒေါက ကတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly