၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို (၄၈)သင်းနဲ့ တိုးမြှင့်ကျင်းပမယ့် အစီအစဉ် ဖီဖာ ပယ်ဖျက်

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို (၄၈)သင်းနဲ့ တိုးမြှင့်ကျင်းပမယ့် အစီအစဉ် ဖီဖာ ပယ်ဖျက်
Photo: AFP

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း (၄၈)သင်းနဲ့ တိုးမြှင့် ကျင်းပသွားဖို့ အစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ယခုအခါ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၃၂) သင်းကနေ တိုးမြှင့် ကျင်းပနိုင်ဖို့ဖြစ်ပေမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲမှာ စတင်ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောဆိုဖူးပါတယ်။

အခုလို အပြောင်းအလဲလုပ်လိုက်ရခြင်းဟာ ဒေသအတွင်း အိမ်ရှင်အဖြစ် တခြားနိုင်ငံတွေနဲ့အတူ  ပူးတွဲလက်ခံကျင်းပဖို့ လိုအပ်လို့ပဲဖြစ်ပါတယ်။

ဖီဖာက “၄၈ သင်းလုံးပါဝင်တဲ့ ပြိုင်ပွဲကို ကာတာနိုင်ငံ တစ်နိုင်ငံတည်းမှာ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် သယ်ယူပို့ဆောင်ရေးကိစ္စတွေမှာ အသေးစိတ် အကဲဖြတ်ဆောင်ရွက်ဖို့အတွက် အချိန်မလုံလောက်တော့တာကြောင့် ဒီအစီအစဉ်ကို ပယ်ဖျက်လို့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”လို့ ဆိုပါတယ်။

“ဒါ့ကြောင့် ပြိုင်ပွဲဟာ မူလအတိုင်း (၃၂)သင်းနဲ့ ကျင်းသွားမှာဖြစ်ပြီး  ဇွန်လ ၅ ရက်၊ လာမယ့် ဖီဖာကွန်ဂရက်မှာ ဘာအဆိုပြုချက်မှ တင်သွင်းမှာမဟုတ်ဘူး။”လို့ ဖီဖာက ထည့်သွင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ စီဖရန်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ (၁၆)သင်းထပ်တိုမြှင့်မယ်ဆိုရင် "ပြဿနာတွေ"ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပြီး သူက ဒီစိတ်ကူးကို “အတော်လေး လက်တွေ့မကျမှု”အဖြစ် သုံးသပ်ခဲ့ပါတယ်။

အသင်းတို့မြှင့်လိုက်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ (၃)သင်းပါ (၁၆) အုပ်စုကို ကျင်းပမှာဖြစ်ပြီး အဲဒီကနေ (၃၂) သင်းကျန်ရှိတဲ့ ရှုံးထွက်အဆင့်ကို ကနဦးမြင်တွေ့ရမှာပါ။

ပြိုင်ပွဲရဲ့ ပွဲအရေအတွက်က (၆၄)ပွဲကနေ ပွဲ(၈၀)ထိ မြင့်တက်လာမှာဖြစ်ပေမယ့် ချန်ပီယံဖြစ်မယ့်အသင်းကတော့ (၇)ပွဲလောက်သာ ကစားရပါလိမ့်မယ်။

ပြိုင်ပွဲကိုလည်း (၃၂)ရက်အတွင်း ပြီးစီးမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly