အင်ဒိုနီးရှားမှာ သမ္မတ ဂျိုကိုဝီဒိုဒို ပြန်လည်ရွေးကောက်ခံရတာအပေါ် ဆန့်ကျင်ဆန္ဒပြ

အင်ဒိုနီးရှားမှာ သမ္မတ ဂျိုကိုဝီဒိုဒို ပြန်လည်ရွေးကောက်ခံရတာအပေါ် ဆန့်ကျင်ဆန္ဒပြ

ဂျကာတာ၊ မေ ၂၃ ။          ။ အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ သမ္မတ ဂျိုိကိုဝီဒိုဒို ပြန်လည်ရွေးကောက်ခံရတာနဲ့ ပတ်သက်ပြီး မြို့တော် ဂျကကာတာမှာ ဆန္ဒပြမှုတွေ ဖြစ််ပွားပါတယ်။

ဆန္ဒပြမှုအတွင်း ထိပ်တိုက်တွေ့မှုမှာ ဆန္ဒပြသူတစ်ဦး သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကို စုံစမ်းစစ်ဆေးလျက် ရှိတယ်လို့ ရဲတပ်ဖွဲ့က မေ ၂၂ ရက်က ပြောပါတယ်။

ဂျကာတမြို့တွင်းမှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဓာတ်ငွေ့ သုံးပြီး လူစုခွဲခဲ့ရပါတယ်။ ဆန္ဒပြသူတွေဟာ လူစုခွဲဖို့ ရဲရဲ့ အမိန့်ကို မနာခံဘဲ ရဲတွေကို မီးရှုးမီးပန်းတွေ၊ ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတာ ဖြစ်ပါတယ်။

အစောပိုင်းမှာလည်း တစ်ချို့ ဆန္ဒပြသူတွေက စျေးဆိုင်တွေကို မီးတင်ရှို့တာအထိ ကျူးလွန်ပါတယ်။ ကားတော်တော်များများလည်း မီးရှို့ခံရပါတယ်။

လက်ရှိအချိန်မှာ ရဲနဲ့ ဆန္ဒပြသူ အရေအတွက် ဘယ်လောက်အထိ ထိခိုက်ဒဏ်ရာ ရလဲဆိုတာကို မသိရသေးပါ။

ဆန္ဒပြသူ ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း ရဲက ထုတ်ပြန်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly