တပ်မတော်၏ ဖိအားကြောင့် လက်ထိပ်ခတ်စစ်ဆေးခြင်းဟု ရဲက ပြောခဲ့ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ပြောဆို

23 May 2019
တပ်မတော်၏ ဖိအားကြောင့် လက်ထိပ်ခတ်စစ်ဆေးခြင်းဟု ရဲက ပြောခဲ့ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ပြောဆို

တပ်မတော်ဘက်မှ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရုံးထုတ်စစ်ဆေးရာတွင် လက်ထိပ်ခတ် ရုံးထုတ်ခြင်းမှာ တပ်မတော်၏ ဖိအားများ ရဲတပ်ဖွဲ့ အပေါ် ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်ဟု  တရားစွဲခံနေရသူများက တရားခွင်မှအထွက်တွင် ပြောဆိုခဲ့ကြသည်။

 "ဒီပြဿနာတွေက ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ပြီးခဲ့တဲ့ ဗိုလ်တထောင်ရုံးချိန်းမှာ ဗိုလ်တထောင်ရုံးက ရဲတွေ ကိုယ်တိုင်ပြောသွားတာ။ စစ်တပ်က ဒီလိုမျိုးတွေ လုပ်ဖို့အတွက်ကို ဖိအားတွေ လာပေးနေတယ်ဆိုတာ သူတို့ကိုယ်တိုင် ပါးစပ်က ပြောသွားတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ထောင်ထဲက နေထိုင်မှုအပြင် ဒီလို တရားရုံးထုတ်တွေမှာပါ စစ်တပ်က လိုက်ပြီး ဖိအားပေးနေတာဟာ ဒါ..တကယ်ကို ကျွန်တော်တို့အပေါ်ကို ဘယ်လောက်ထိ အညှိုးအတေးရှိနေတယ်ဆိုတာ ပေါ်လွင်တယ်လို့ မြင်တယ်"

ဖမ်းဆီးခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57078

(အထက်ပါသတင်းနှင့် ပတ်သက်ပြီး ဗိုလ်တစ်ထောင်ရဲစခန်းသို့ မဇ္ဈိမမှ ဆက်သွယ်ခဲ့ရာ မေ ၂၂ ရက် ည ၈ နာရီခန့်တွင် တာဝန်ကျရဲအရာရှိတစ်ဦးက ပြန်လည်အကြောင်းပြန်မည်ဟု ပြောဆိုခဲ့သည်။ )
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly