အမေရိကန်ထုတ် ဆော့ဝဲများ သုံးစွဲမှု ပိတ်ပင်မှုအပေါ် မြန်မာနိုင်ငံမှ Huawei ဖုန်းသုံးစွဲသူ တချို့ စိုးရိမ်

23 May 2019
အမေရိကန်ထုတ် ဆော့ဝဲများ သုံးစွဲမှု ပိတ်ပင်မှုအပေါ် မြန်မာနိုင်ငံမှ Huawei ဖုန်းသုံးစွဲသူ တချို့ စိုးရိမ်

အမေရိကန်ထုတ် ဆော့ဝဲများ သုံးစွဲမှုကို ပိတ်ပင်မှုအပေါ်  မြန်မာနိုင်ငံမှ Huawei ဖုန်းသုံးစွဲသူ တချို့ စိုးရိမ်နေကြောင်း သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ အိုင်တီခြိမ်းခြောက်မှု ကာကွယ်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေတစ်ခုကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး တရုတ်နည်းပညာ ကုမ္ပဏီဖြစ်တဲ့ huawei အပေါ် အမေရိကန်ထုတ် Google Play Store သုံးစွဲခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒီသတင်းကြောင့် မြန်မာနိုင်ငံက Huawei ဖုန်း ကိုင်ဆောင်သူတွေ လက်လီရောင်းချသူတွေအနေနဲ့ လတ် တလောမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ မေလ ၂ဝရက်နေ့မှာတော့ အမေရိကန်ဘက်က အဆိုပါ ပိတ်ပင်မှု အပေါ် ရက် ၉၀ ကြာ ဆိုင်းငံကာလအဖြစ် သတ်မှတ်ပေးပြီး နောက်ဆုတ်ထားပါတယ်။ ဆိုင်းငံကာလ ဖြစ်သည့် ရက်ပေါင်း ၉၀ အတွင်း အခြေအနေတစ်ခုကို Huawei ဖုန်း ကိုင်ဆောင်သူတွေက စောင့်ကြည့်နေကြတာဖြစ်ပါတယ်။  

ရိုက်ကူး/တင်ဆက် - ထွန်းထွန်းဝင်း
တည်းဖြတ် - ဝင်းမော်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly