မက္ကဆီကိုမှာ ပလတ်စတစ်ဘူးတွေနဲ့ အိမ်တည်ဆောက်မှု ခေတ်စားလာ

မက္ကဆီကိုမှာ ပလတ်စတစ်ဘူးတွေနဲ့ အိမ်တည်ဆောက်မှု ခေတ်စားလာ

မက္ကဆီကိုစီးတီး၊ မေ ၂၂။        ။  မက္ကဆီကိုနိုင်ငံ အနောက်ပိုင််း ဂျာလီစကိုပြည််နယ်မှာ ပလတ်စတစ်ဘူးတွေ၊ အဖုံးတွေနဲ့ အိတ်တွေကို အိမ်နံရံနဲ့ ခေါင်းမိုးတွေ တည်ဆောက်ရာမှာ အသုံးလို့ လာပါတယ်။

ပင်လယ်သမုဒ္ဒရာအတွင်း အမှိုက်စွန့်ပစ်တဲ့ ပမာဏလျှော့ချနိုင်အောင်နဲ့ ဂေဟစနစ်ကောင်းမွန်စေရေးကို ရည်ရွယ်ပြီး ပရောဂျက်ချမှတ်ကာ ခုလို လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

ပင်လယ်နဲ့ မြစ်ချောင်းတွေထဲ စွန့်ပစ်မယ့် ဒီပလတ်စတစ်အမှိုက်တွေကို အကျိုးရှိရှိ အသုံးချပြီး ဂေဟစနစ်နဲ့ ကိုက်ညီတဲ့ အဲဒီ အိမ်တွေဟာ ငလျင်ဒဏ်ကိုလည်း ခံနိုင်သလို သာမန်ရိုးရိုး တိုက်အိမ်တွေလို အုတ်နံရံ ပြိုကျမယ့် ဘေးလည်း  မရှိပါ။

“ဒါဟာ ကမ္ဘာနဲ့ တစ်ဝန်းမှာ ကြုံတွေ့နေတဲ့ ပလတ်စတစ်အမှိုက် ပြဿနာကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ ဒီ ပလတ်စတစ်အိမ်တွေဟာ ပိုပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်သလို ပိုပြီးလည်း ခိုင်ခံ့ပါတယ်။”လို့ ပလတ်စတစ်အိမ်ရာစီမံကိန်းကို ဖော်ဆောင်နေတဲ့ Ecoplastico Ambiental ကုမ္ပဏီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly