အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၅ ။         ။ အာခါအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီနာယက ဦးမင်းညိုက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း မင်္ဂလာစကားဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။

ကျွန်တော်ကတော့ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးဦးသျှောင်နာယကကြီး ဦးမင်းညိုဖြစ်ပါသည်။

ကျွန်တော်တို့ အာခါတိုင်းရင်းသားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံလွင်မြစ်အရှေ့ခြမ်းတွင်သာ ပျံ့နှံ့နေထိုင်းလျက်ရှိသည့် လူမျိုးတစ်မျိုး ဖြစ်ပါသည်။

အာခါတတိုင်းရင်းသားများသည် ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့၊ ယဉ်ကျေးမှုအမွေအနှစ်များကို ယနေ့ထိတိုင် ထူးထူးခြားခြား၊ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသော လူမျိုးစုနွယ်တစ်စုဖြစ်ပါသည်။

မိမိလူမျိုးတို့၏ အမျိုးဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် စုပေါင်း နှစ်သစ်ကူးပွဲတော်၊ ခါးထောင်းဖားပွဲတော်၊ ဒန်းစီးပွဲတော်၊ ကောက်သစ်စား ပွဲတော် စသည့်ရိုးရာဓလေ့ကို အခြေခံသော ပွဲတော်များ စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၉၃) ဖြင့် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့ပါသည်။ သက်တမ်းအားဖြင့် သုံးလသာရှိသေးသော်ငြား လည်းပဲ မိမိအာခါအမျိုးသားများ၏ စည်းလုံးညီညွတ်မှုအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ အင်အားအသင့် အတင့်ရှိသော ပါတီတစ်ရပ်အဖြစ် ရပ်တည် နိုင်ပြီဖြစ်ပါသည်။

ပါတီ၏ ဆောင်ပုဒ်၊ ပါတီ၏ အလံ၊ ပါတီ၏အမှတ်တံဆိပ်တို့ကို ရှင်းပြပေးလိုပါသည်။ ပါတီ၏ဆောင်ပုဒ်မှာ မိမိတစ်ဦးချင်းစီ၌ရှိသော အရည်အချင်းများစုပေါင်း၍ မိမိအမျိုးဂုဏ်ကို မြှင့်တင်ကြစို့ ဟူ၍ ဖြစ်ပါ သည်။ အဓိပ္ပာယ်ကတော့ မိမိလူမျိုး၊၊ မိမိဒေသနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်မှာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်ဟု ဖော်ဆောင်ပါသည်။ ပါတီ၏အလံမှာ အလယ်ဗဟိုတွင် အနီရောင်ရှိပြီး ပတ်ပတ်လည်မှာ

ဝါ၊ စိမ်း၊ ဖြူ၊ ပြာ ဝိုင်းရံနေတာကို မြင်တွေ့ရမှာဖြစ်ပါသည်။ အဓိပ္ပာယ်မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် နေမင်းကြီး၏ အောက်မှာ တန်းတူညီမျှအခွင့်အရေး ရှိသည် ဟုဖော်ဆောင်ပါသည်။ ပါတီ၏အမှတ်တံဆိပ်မှာ ဒန်းပုံဖြစ်ပြီး အာခါရိုးရာဓလေ့မှ စည်းလုံးညီညွတ်ခြင်း ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပါသည်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးပါတီများပေါ်တွင် မှီတင်းနေပါသည်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများကသာလျှင် နေရာဒေသအနှံ့အပြား အောက်ခြေလူထုအထိ ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံနိုင်မည်ဖြစ်ပြီး လူထု၏ လိုအပ်ချက်အမှန်တရားကိုလည်း သိရှိနိုင်မည်ဖြစ်ပါသည်။

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတင်ဖွဲ့စည်းစဉ်ကတည်းကပင် မူဝါဒများချမှတ်ပြီး ဖွဲ့စည်းခဲ့ပါသည်။ မူဝါဒအချို့ကို တင်ပြရမည်။

ဆိုလျှင်အာခါအမျိုးသားရေး

မိမိတို့အာခါအမျိုးသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အခြေခံလိုအပ်ချက်များကို အာခါလူမျိုးများသာလျှင် ပိုမိုရှာဖွေတွေ့ရှိနိုင်ပြီး နားလည်ပေးနိုင်သလို ကူညီ ဆောင်ရွက်မှုအပိုင်းမှာလည်း အာခါလူမျိုးများက ပိုမိုကျယ်ပြန့်ထိရောက်စွာတာဝန်ယူကူညီနိုင်မည်ဟု ယုံကြည်ပါသည်။ အာခါအမျိုးသားများ၏ ရိုးရာဓလေ့၊ စာပေအနုပညာ ယဉ်ကျေးမှုစသည်များကို အာခါလူမျိုးများသာလျှင်ပိုမိုဖော်ထုတ်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပါသည်။ အာခါလူမျိုးများ၏ လူမှုရေးပြဿနာများကိုလည်း အာခါလူမျိုးများသာလျှင် ကူညီဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါသည်။

တိုင်းရင်းသားအရေး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးကျော် စုပေါင်းနေထိုင်ပါသည်။ တိုင်းရင်းသားများ၏ တန်းတူညီမျှရေး၊လူမျိုးစုငယ်များ၏ အခွင့်အရေးများကိုလည်း တိုင်းရင်းသားများ အချင်းချင်းသာလျှင် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ပြည်တွင်းငြိမ်းချမ်းရေး ၊တိုင်းရင်းသားအချင်းချင်းစည်းလုံညီညွတ်ရေး၊ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားလူမျိုးစုအားလုံးနားလည်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာလျှင် အောင်မြင်မည်ဟုယုံကြည်ပါသည်။ လူမျိုးစုတစ်စုစီ၏ မတူကွဲပြားသော နိုင်ငံရေးအယူဝါဒများခြားနားသကဲ့သို့ လူမျိုးစုတစ်စု စီ၏ မတူကွဲပြားသော နိုင်ငံရေးအယူဝါဒများကို သိရှိနားလည်အလေးထားမှသာလျှင် ၎င်းလူမျိုးစုအသီးသီး၏ဂုဏ်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါသည်။

ပြည်ထောင်စုအရေး

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်ခြာအာဏာတည့်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါကိုအစဉ်ဦးထိပ်ထားရမည်။ ၂၀၀၈ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုရေးရာ ကိုယ်စားလှယ်များသည် တိုင်းရင်းသားလူမျိုးစုများ၏ လိုအပ်ချက်များကို ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအဆင့် ဥပဒေပြုနိုင်သည့် ကိုယ်စားလှယ်များအဖြစ် ပါဝင်နိုင်ရေး အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရည်မှန်းပါသည်။ ပါတီစုံပါဝင်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုတပ်မတော်၊ ဌာနဆိုင်ရာ များ။နိုင်ငံရေးပါတီများ အပြန်အလှန်ယုံကြည်မှုဖြင့်ပူးပေါင်းဆောင်ရွက်မှု မူဝါဒကို အခြေခံမှသာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။

တပ်မတော်၏အခန်းကဏ္ဍ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နိုင်ရန် တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေးရယူပြီး ပြည်ထောင်စုတပ်မတော် တစ်ရပ်တည်း ရှိရမည်ဟု ယုံကြည်ပါ သည်။ ထာဝရငြိမ်းချမ်းရေး အစဉ်တည်တံ့နိုင်ရန်လည်ကောင်း၊ ပြည်ပရန်ကို ကာကွယ်ရန်လည်းကောင်း၊ နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်ရန်လည်းကောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ရမည်ဟု ယုံကြည် ပါသည်။

လက်ရှိနိုင်ငံတော်၏ အခြေအနေအရ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရရှိနိုင်ရန်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၌ တပ်မတော်သည် အရေးကြီးသည့်အခန်းကဏ္ဍမှ အချိန်ကာလတစ်ခုထိ ပါဝင်ရမည်ဟု ယုံကြည်ပါသည်။

လုပ်ငန်းစဉ်

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရာ၌ အာခါတိုင်းရင်းသား တို့သည် ပြည်ထောင်စုဖွား ညီအစ်ကိုတိုင်းရင်းသားလူမျိုးစုများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူလက်တွဲပြီး လိုအပ်သော စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန် ဦးတည်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံကျသော

၁။ အခြေခံစစ်တမ်းကောက်ယူခြင်း (Data Collection)

၂။ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုံးသပ်ခြင်း (Analysis)

၃။ မဟာဗျုဟာနှင့် နည်းဗျူဟာများ ရေးဆွဲခြင်း (Strategic Plan)

၄။ လုပ်ငန်းများအကောင်အထည်ဖော်ခြင်း (Activity )များကို စနစ်တကျ အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မဲဆန္ဒရှင် မိဘပြည်သူများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသား ညီနောင်များခင်ဗျား -

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အာခါအမျိုးသား ဖွၤံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ခြောက်ဦး ပါဝင်အရွေးကောက်ခံသွား မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အမျိုးဂုဏ်၊ ဒေသဂုဏ်၊ နိုင်ငံဂုဏ်ကို တစ်ထောင့်တစ်နေရာမှ ဖော်ဆောင်မည်ဖြစ်သော အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ဒန်းပုံအား ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ တိုင်းရင်းသားညီနောင် များ၊အာခါတိုင်းရင်းသားများ ပါဝင်ထောက်ခံမဲပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါသည်။ (နီဆားအိုလုဦး- အေးချမ်းပါစေ)

စည်းလုံးခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်စို့

၁။ အာခါအမျိုးသားတို့ စုရုံးကြ၊ ပူးပေါင်းကြ၊ စည်းရုံးကြ တို့လူမျိုး တို့အနာဂတ် သင်းကွဲရင် ကျားဆွဲ၊ မျိုးကွဲရင် လူမျိုးပျောက် ဘိုးဘေးတို့ ဆိုစကား၊

၂။ ဘိုးဘေးတို့ကျေးဇူး အာခါအမျိုးသားတို့ ဆုံစည်းကြ၊ စည်းရုံးကြ တိုင်းရင်းသားအချင်းချင်း တစ်အူထုံ့ဆင် ညီအစ်ကိုများ အနာဂတ်သို့ ချီတက်ကြ၊

၃။ ဘိုးဘေးတို့ကျေးဇူး အာခါအမျိုးသားတို့ မြေပြန့်တောင်ပေါ်မခွဲခြား၊

စည်းလုံးခြင်းဖြင့် အမျိုးဂုဏ်ကို မြှင့်တင်ကြ စုပေါင်းညီညာ ချီတက်ကြ။

အာခအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

 ၁။  ပါတီအမည်  -  အာခအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Akha National Development Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၂.၄.၂၀၁၅
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦးထွန်းအောင်ပါ(၁၅) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးထွန်းအောင်၊ ဦးအားလယ်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁၅.၆.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၉.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၈.၇.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၃/၁၀)၊ (၃) လမ်း၊ မယ်ခေါင်ရပ်၊ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၅၂၄၂၃၅၁၊ ၀၉-၂၅၀၂၀၈၈၁၆ (ဦးအားလယ်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly