Social Influencer များထဲမှ ထူးချွန်သူများကို ရွေးချယ်ဆုချီးမြှင့်မည်

Social Influencer များထဲမှ ထူးချွန်သူများကို ရွေးချယ်ဆုချီးမြှင့်မည်

မေ ၂၂ ။       ။ ယနေ့ မေလ ၂၂ရက်နေ့ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည့် ဒုတိယအကြိမ်ကျင်းပမည့် Myanmar Influencer Awards တွင် Social Influencer များအနက် ထူးချွန်သူ ၁၅ဦးကို ရွေးချယ် ဆုချီးမြှင့်သွားမည်ဟု သိရသည်။

ယင်းဆုပေးပွဲတွင် Influencer များအနက် ထူးချွန်သူများကို ရွေးချယ်ချီးမြှင့်ရာတွင် ကဏ္ဍ ၁၂ ခု ခွဲထားပြီး ချီးမြှင့်မည့်ဆုအရေအတွက်မှာ ၁၅ ခု ဖြစ်သည်။ ဆုချီးမြှင့်မည့် ကဏ္ဍများမှာ အလှအပရေးရာကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အစားအသောက်ကဏ္ဍ၊အချက်အပြုတ်ကဏ္ဍ ၊ အိုင်တီကိရိယာနှင့် ဂိမ်းကစားခြင်းကဏ္ဍ၊ အထွေထွေကဏ္ဍ ၊ နေမှုဘဝကဏ္ဍ ၊ ဗီဒီယိုဖန်တီးသူများ ကဏ္ဍ၊ နာမည်ကျော်ပြီးသားသူများ ကဏ္ဍ၊ ကျန်းမာရေး/မိခင်နှင့်ကလေးကဏ္ဍ ၊  အနုပညာနှင့် ဒီဇိုင်းကဏ္ဍ ၊ သတင်းအချက်အလက်နှင့် ဗဟုသုတကဏ္ဍ တို့ဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင်သည့် ဒိုင်များက အကဲဖြတ်ပေးမည့်အပြင် အားပေးသူများ ထံမှ မဲရလဒ်နဲ့ ၂၀၁၈ တစ်နှစ်တာအတွင်း Influencer တို့၏ လုပ်ဆောင်ချက် ရလဒ်တို့ကိုလည်း ထည့်သွင်းစဉ်းစားသွား မည်ဟု သိရသည်။

ယခုနှစ် ဆုပေးပွဲအတွက် ဆောင်ပုဒ်မှာ "Every Influence Matters" (လွှမ်းမိုးမှုတိုင်းက အရေးပါ) ဖြစ်ပြီး မည်မျှ သေးငယ်သော လွှမ်းမိုးမှုပင်ဖြစ်ပါစေ၊ သူ့နည်းသူ့ဟန်နှင့် အရေးပါကြောင်း ဆိုလိုခြင်းဖြစ်သည်။

OPPO F11 ၏ ဆောင်ပုဒ်မှာ "အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်" ဖြစ်ပြီး ၄င်း၏ အဓိပ္ပာယ်မှာလည်း မည်မျှ သေးငယ်သော အလင်းရောင်ပင်ဖြစ်ပါစေ၊ ပုံရိပ်ထင်အောင် ရိုက်ကူးနိုင်သည်ဟု ဆိုလိုသည်မှာ အဓိပ္ပာယ်ချင်း ဆက်စပ်မှုရှိပြီး သဘောတရားချင်းတူညီ၍ OPPO F11 က အဓိက ကူညီပံ့ပိုးသူအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲကို Amara Digital Marketing Agency က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး OPPO F11 က အဓိက ကူညီ ပံ့ပိုးထားသည့် ဤဆုချီးမြှင့်ပွဲသည် မြန်မာပြည်၏ ပထမဆုံးနှင့် တစ်ခုတည်းသော Influencer Awards ဆုချီးမြှင့်ပွဲလည်းဖြစ်သည်။

#Advertorial

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly