သင်္ဘောသိမ်းယူမှုနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားက အမေရိကန်ကို ထပ်မံ သတိပေး

သင်္ဘောသိမ်းယူမှုနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားက အမေရိကန်ကို ထပ်မံ သတိပေး

မေ ၂၂ ။            ။ မိမိတို့၏ ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်တို့ သိမ်းယူထားခြင်းကြောင့် အနာဂတ် နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်တွင် ကြီးမားသည့်အကျိုးဆက်များ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က မေလ ၂၁ ရက်တွင် သတိပေးပြောကြားသွားခဲ့သည်။

မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန်တို့ သိမ်းယူထားခြင်းက ဥပဒေနှင့် မညီညွတ်ဘဲ လက်ခံံနိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ပြုံယမ်း၏ အမြဲတမ်းကိုယ်စားလှယ် ကင်မ် ဆုန်းက ပြောသွားခဲ့သည်။

ယင်းအတွက်ကြောင့် ယခုလုပ်ရပ်ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များအကြောင်း စဉ်းစားထားသင့်ကြောင်း ၎င်းက အမေရိကန်ကို ရည်ညွန်းပြောဆိုသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်တို့အနေဖြင့် သိမ်းဆည်းထားသော ကုန်တင်သင်္ဘောကို အချိန်မဆိုင်းဘဲ ချက်ချင်း ပြန်လည် လွှဲအပ်ပေးဖို့ကိုလည်း ကင်မ် ဆုန်းက တောင်းဆိုသွားခဲ့သည်။
တားမြစ်ထားသော ကျောက်မီးသွေးများ တင်ပို့ရာတွင် ပါဝင်ပတ်သက်ခဲ့မှုဖြင့် အဆိုပါ မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန်တို့က ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required