ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုခံရသူကို အပြီးပြတ်လွှတ်ပေးသဖြင့် တစ်ကိုယ်တော် ဆန္ဒပြ

22 May 2019
ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုခံရသူကို အပြီးပြတ်လွှတ်ပေးသဖြင့် တစ်ကိုယ်တော် ဆန္ဒပြ

စစ်ကိုင်းမြို့နယ် တရားရုံးမှ ပုဒ်မ ၃၆၆/၃၇၆ ဖြင့်တရားစွဲဆိုခြင်းခံရသူအား အပြီးပြတ် လွတ်ပေးလိုက်သည့်အပေါ် တရားလိုဘက်မှနစ်နာမှုများရှိသည်ဆိုကာ၂၀၁၉ ခုုနှစ် ၊ မေလ ၂၁ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၌ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့စဉ်။
 
၂၀၁၈ မေ တွင် စစ်ကိုင်းမြို့ နေ မ....(၂၁)နှစ် အား Viber မှတစ်ဆင့် ခင်မင်ရင်းနှီးသူ မျိုးကျော် (၃၉)နှစ် ပန်းဘဲတန်းရပ်ကွက်မှ အပြင်တွင်တွေ့ဆုံရန်ချိန်းဆိုခဲ့ပြီး တည်းခိုခန်းသို့ခေါ်ဆောင်၍သားမယားအဖြစ် အလိုမတူပဲပြုကျင့်ခဲ့သည်ဟုဆိုကာ မ....(၂၁)မှတရားလိုပြုလုပ်၍ စစ်ကိုင်းမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ကာ တရားရုံးမှ ယခုနှစ် မတ်လတွင် တရာစွဲဆိုခြင်းခံရသူ မျိုးကျော်အား ပုဒ်မ ၃၆၆၊၃၇၆ဖြင့် ငြိစွွန်းခြင်းမရှိဟု ဆိုကာ အပြီးပြတ်လွတ်ပေးလိုက်ကြောင်း အဆိုပါစီရင်ချက်အမှုအားကျေနပ်မှုမရှိသည့်အတွက် တရားလို၏ကိုယ်စား စစ်ကိုင်းမြို့ခံ ကိုအောင်မြတ်မင်းမှ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။

ရိုက်ကူး -  ဘိုဘို/မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly