လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ပွား

22 May 2019
လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်တွင် လျှပ်စစ်ဝါရှော့ ဖြစ်ပွားခဲ့ပြီး လွှတ်တော် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

"ဖြူးတွေက နည်းနည်းလုဖြစ်တာလည်းပါပါတယ်။ အခု အဆင်ပြေပါတယ်။ ပြန်လုပ်လိုက်ပြီ။ ချိန်းအိုဗာ လုဖြစ်သွားတာပါ။ အခု ဒါကိုမသုံးတော့ဘူး”ဟု လာရောက်ပြင်ဆင်ပေးသည့် ပုသိမ်မြို့နယ် မှ လျှပ်စစ် အင်ဂျင်နီယာ ဦးငြိမ်းဌေးက ပြောသည်။

ကျင်းပနေသော လွှတ်တော်အစည်းအဝေးကို လျှပ်စစ်မီးပြန်ပြင်ဆင်ပြီးချိန်တွင် ဆက်လက် ကျင်းပပြုလုပ် ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးများကို တိုင်းဒေသကြီးအစိုးရရုံးတွင် ကျင်းပပြုလျက်ရှိသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly