အီဖယ်တာဝါကို အပြင်ဘက်ကနေ စွန့်စားတွယ်တက်ဖို့ ကြိုးပမ်းခဲ့သူကို ရဲက ခေါ်ယူထိန်းသိမ်း

အီဖယ်တာဝါကို အပြင်ဘက်ကနေ စွန့်စားတွယ်တက်ဖို့ ကြိုးပမ်းခဲ့သူကို ရဲက ခေါ်ယူထိန်းသိမ်း

မေ ၂၁ ။               ။ ပြင်သစ် အထင်ကရ အီဖယ် မျှော်စင် ပေါ်ကို အပြင်ကနေ တွယ်တက်ဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားတစ်ဦးကို မေလ ၂၀ ရက်က ရဲက ခေါ်ယူထိန်းသိမ်းခဲ့ရပါတယ်။ ၎င်းဟာ ထိပ်ဆုံးကို ရောက်ပြီးနောက် ခုလို ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

ယင်းနေ့ နေ့လည်ပိုင်းက တာဝါရဲ့ ရက်မတွေအကြား အမျိုးသားတစ်ဦး တွယ်တက်နေတာကို တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေ အလုပ်များခဲ့ကြရပါတယ်။

ခုလို အမြင့် ပေ ၁,၀၀၀ ရှိ တာဝါပေါ်ကို ဘာရည်ရွယ်ချက်နဲ့ တက်ရတာလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမည် မသိတဲ့ ၎င်းအမျိုးသားကတော့ ပါရီမြို့ အထင်ကရ မျှော်စင်ပေါ်ကို ခြောက်နာရီကျော်ကြာ တွယ်တက်ခဲ့ပါတယ်။

“ သူက တာဝါပေါ်ကို အောက်ခြေမှာ ပုံမှန်အတိုင်း လှေကားကနေ  ဝင်တက်သွားပြီးမှ ဒုတိယထပ်ကျမှ အပြင်ကို ထွက်ပြီး စတက်သွားခဲ့တာပါ” လို့ အီဖယ် တာဝါ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းအမျိုးသားရဲဲ့လုပ်ရပ်ကြောင့် တာဝါအနီး လမ်းတွေကို  ပိတ်တာ၊ ရှင်းလင်းတာတွေလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required