ကျွန်တော်တို့မှာ အမုန်းတရားဆိုတာ မရှိခဲ့ပါဘူး

21 May 2019
ကျွန်တော်တို့မှာ အမုန်းတရားဆိုတာ မရှိခဲ့ပါဘူး

" ဒီနေ့အချိန်ထိလည်း ကျွန်တော်တို့မှာ အမုန်းတရားဆိုတာ မရှိခဲ့ပါဘူး။ ကျွန်တော်အမျိုးသမီးအနေနဲ့လည်း မကရင်မကို ဒီလို သေမယ်မှန်းလည်း မသိပါဘူး။ နောက်တစ်ခုကလည်း ဘာလည်းဆိုတော့ အကြောင်း အမျိုးမျိုးကြောင့် လှေကားပေါ်က ပြုတ်ကျတဲ့ ဒဏ်ရာဒဏ်ချက်နဲ့ ပတ်သက်လို့လည်း ဆေးကုပေးခဲ့ပါတယ်" - ဒေါ်သင်္ဂီစု(ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ)၏ ခင်ပွန်း

အိမ်အကူလုပ်ကိုင်ခဲ့သူ ဒေါ်ကရင်မ(ခ) ဒေါ်ခင်သန္တာဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုခံ ထားရသော အိမ်ရှင်ဖြစ်သည့် ဒေါ်သင်္ဂီစု (ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ)၏ ခင်ပွန်းဖြစ်သူက ယခုအမှုနှင့် ပတ်သက်ပြီး မေလ ၂၁ ရက်နေ့၊ သန်လျင်မြို့နယ်ရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၏ ပြင်ပတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်သင်္ဂီစု၏ ခင်ပွန်းဖြစ်သူ ပြောဆိုချက်အပြည့်အစုံကို မဇ္စျိမကတဆင့် ဆက်လက်ဖော်ပြပေးသွားမည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly