ထိပ်တန်းအပြောင်းအရွေ့အတွက် ရီးယဲလ်ပရိသတ်တွေ ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ ဟာဇက် ထိပ်ဆုံးဖြစ်ပြီး ပေါ့ပ်ဘာ အောက်ဆုံးရောက်

ထိပ်တန်းအပြောင်းအရွေ့အတွက် ရီးယဲလ်ပရိသတ်တွေ ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ ဟာဇက် ထိပ်ဆုံးဖြစ်ပြီး ပေါ့ပ်ဘာ အောက်ဆုံးရောက်
Photo: EPA

ရီးယဲလ်မက်ဒရစ် ပရိသတ်တွေကို အသင်းအတွက် သူတို့ ခေါ်ယူလိုတဲ့ ကစားသမားတွေကို မေးမြန်း စစ်တမ်းကောက်ခံရာမှာ ဟာဇက်က သူတို့ အကြိုက်ဆုံးကစားသမားဖြစ်ပြီး ပေါလ်ပေါ့ဂ်ဘာကတော့ နောက်ဆုံးမှာ ချိတ်ခဲ့ပါတယ်။

ရီးယဲလ်ပရိသတ်တွေအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနေရာ အစားထိုးဖို့  အသည်းအသန် အလိုရှိတဲ့ ကစားသမားထဲမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အပြတ်အသတ် ထောက်ခံမှုရရှိခဲ့သူဖြစ်ပါတယ်။

ပေါ့ဂ်ဘာကတော့ အိုးထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဒါကပဲ သူ့အပေါ် ရီးယဲလ်ပရိသတ်တွေရဲ့ သဘောထားကို ထင်ဟတ်စေတာ သေချာပါတယ်။

ဒီစစ်တမ်းကို စပိန်နေ့စဉ်အားကစားသတင်းစာ AS က ကောက်ခံခဲ့တာဖြစ်ပြီး ရီးယဲလ်ပရိသတ်ပေါင်း (၁၆၀,၀၀၀) က မဲပေးခဲ့ကြတာပါ။

ရီးယဲလ်ပရိသတ်တွေ ခေါ်ယူလိုတဲ့ ကစားသမား (၆)ဦးစာရင်းထဲမှာ ဟာဇက်က ပရိသတ် (၅၃,၇၀၀)ဦးရဲ့ မဲပေးထောက်ခံမှုနဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပြီး ဖရန့်ဖတ်ရဲ့ လူကာ ဂျိုဗစ်ကလည်း ပရိသတ် (၃၄,၇၀၀) ဦးရဲ့ မဲပေးမှုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အဲရစ်ဆင် (၂၅,၃၀၀ မဲ)နဲ့ နေမာ (၁၆,၉၀၀ မဲ)တို့က တတိယနဲ့ စတုတ္ထနေရာ အသီးသီးမှာ ရှိပြီး လိုင်ယွန်ရဲ့ အန်ဒွန်ဘီလီက ပရိသတ်မဲ(၁၆,၄၀၀) နဲ့အတူ ပဥ္စမနေရာမှာ ရပ်တည်ပါတယ်။

မန်ယူရဲ့ ပေါ့ဂ်ဘာက ပရိသတ်အားလုံးရဲ့ (၁၀) ရာခိုင်နှုန်းထက်ပင် နည်းတဲ့ မဲ (၁၃,၈၀၀)နဲ့ အောက်ဆုံး ရောက်နေပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly