ပရီးမီးယားလိဂ်မှာ အလုပ်အကြိုးစားဆုံး ကစားသမား (၂၀)ဦးစာရင်းထဲ မန်ယူကစားသမားတွေ မပါဝင်

ပရီးမီးယားလိဂ်မှာ အလုပ်အကြိုးစားဆုံး ကစားသမား (၂၀)ဦးစာရင်းထဲ မန်ယူကစားသမားတွေ မပါဝင်

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သူ့အသင်းအနေနဲ့ ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်မှာ အလုပ်အကြိုးစားအသင်းဖြစ်လာဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တစ်ရာသီအတွင်း အလုပ်အကြိုးစားဆုံး ကစားသမားစာရင်းထဲတော့ မန်ယူကစားသမားတွေ ပါဝင်လာခြင်းမရှိတာ တွေ့ရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးပရိသတ်တွေဟာ နည်းပြ ဆာရီရဲ့ ကစားကွက်ပုံစံကို မကျေမနပ်ဖြစ်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း သူ့ရဲ့ ကစားသမားတွေက အရာအားလုံး မပေးဆပ်ဘူးလို့တော့ ပြောလို့ မရပါဘူး။

ဒီရာသီအတွင်း အလုပ်အကြိုးစားဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံး (၁၀)ဦး စာရင်းမှာ ချယ်လ်ဆီးက (၃)ဦးထိ ပါဝင်လာခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက (၄၁၈.၈) ကီလိုမီတာ အကွာအဝေးကို ပြေးထားသလို၊ ကန်တေကလည်း (၄၀၇) ကီလိုမီတာနဲ့ အက်ပလီကျူတာက (၄၀၃.၃) ကီလိုမီတာအသီးသီး ပြေးလွှားထားခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အင်ဂျင်ဖြစ်တဲ့ မီလီဗိုဂျီဗစ်ကတော့ (၄၄၇.၁) ကီလိုမီတာနဲ့ အကွာအဝေးအများဆုံး ပြေးလွှား ကစားထားပြီး ဘန်လေရဲ့ ကွင်းလယ်လူ ဂျက်ကော့ဒ်ထက် (၁.၅) ကီလိုမီတာ ပိုပြေးထားပါတယ်။

အန်ဒီဒီ၊ မက်အာသာ၊ ဆီဂူဆန်၊ အဗ်ဒူလာရီ ဒူကူရီနဲ့ ဘင်ချီဝဲလ်တို့ဟာလည်း ပရီးမီးယားလိဂ်ရဲ့ အလုပ်အကြိုးစားဆုံး ကစားသမားတွေဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်လူစားရင်းထဲရွေးချယ်ခံခဲ့ရတဲ့ နသန်ရေမွန်နဲ့ ဒီကလန်ရိုက်တို့လည်း ဒီစာရင်းရဲ့ (၂၀)ဦးစာရင်းထဲပါဝင်တာကြောင့် နည်းပြ ဆောက်ဂိတ်အတွက် အားတက်စာရာပါ။

ဒီနှစ်မှာ နည်းပြ ကလော့ပ်ရဲ့ အလှည့်ကျအသုံးပြုခံရတဲ့ အသက် ၃၃ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူ ဂျိမ်းမီလ်နာက တစ်ပွဲပျမ်းမျှ (၁၂.၆၈)ကီလိုမီတာအထိ ပြေးနိုင်တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့လက အသင်းလိုက် အလုပ်အကြိုးစားဆုံးအသင်းမှာ အာဆင်နယ်အသင်းက ထိပ်ဆုံးမှာ ရှိနေပြီး စပါးအသင်းက ဒုတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ SunSport က ဖော်ပြခဲ့ပါတယ်။

မန်ယူအသင်းက အဲဗာတန်ကို (၄-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားက သူ့အသင်းကို ပရီးမီးယားလိဂ်မှာ အလုပ်အကြိုးစားဆုံးအသင်းအဖြစ် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly