Huawei အပေါ် ပိတ်ပင်မှု အမေရိကန်က ရက် ၉၀ ဆိုင်းငံ့ထား

Huawei အပေါ် ပိတ်ပင်မှု အမေရိကန်က ရက် ၉၀ ဆိုင်းငံ့ထား

မေ ၂၁ ။            ။ တရုတ် နည်းပညာကုမ္ပဏီ Huawei အပေါ် ပြီးခဲ့သည့် အပတ်က ချမှတ်ထားသည့် ကန့်သတ်ပိတ်ဆို့ချက်တစ်ချို့ကို အမေရိကန်အစိုးရက မေလ ၂၀ တွင် ပြန်လည် လျှော့ပေါ့ပေးသွားခဲ့သည်။ ယင်းက တယ်လီကွန်း ကုမ္ပဏီတစ်ခုအပေါ် ပိတ်ဆိုမှုများလုပ်ခြင်းက မည်ကဲဲ့သို့ သက်ရောက်မှု အတိုင်းအတာ ကြီးနိုင်သလဲဆိုသည်နှင့် မရည်ရွယ်သည့် အကျိုးဆက်များ မည်ကဲ့သို့ ဖြစ်လာနိုင်သလဲ ဆိုသည်ကို ပြသနေသည့် လက္ခဏာရပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

လက်ရှိ ရှိရင်းစွဲ ကွန်ရက်များကို ထိန်းသိမ်းနိုင်ရန် နှင့် ရှိရင်းစွဲ Huawei ဟန်းဆက်များအတွက် software update များ ထောက်ပံ့ပေးနိုင်ရန် အလို့ငှာ Huawei Techonogies ကုမ္ပဏီကို အမေရိကန် ထုတ် ပစ္စည်းများ ဝယ်ယူရန် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုပေးမည်ဖြစ်သည်။

သို့သော် ကုမ္ပဏီအနေနဲ့ လိုင်စင် အတည်ပြုချက် မရှိဘဲ ထုတ်ကုန်သစ်များ ထုတ်လုပ်ရန်အတွက် အမေရိကန်ဆီက အစိတ်အပိုင်းပစ္စည်း၊ တပ်ဆင်ပစ္စည်းများ ဝယ်ယူမှုကို တားမြစ်ခံထားရဆဲ ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်ဘက်က အခြေအနေတစ်ခုကနေ ပြန်လည် နောက်ဆုတ်လျှောချခဲ့ခြင်းသည် ရက် ၉၀ ကြာ အသက်ဝင်နေမည်ဖြစ်သည်။ Huawei supply chain ကနေတဆင့် သက်ရောက်မှု အတိုင်းအတာကြီးမားပြီး မျှော်လင့်မထားသည့် အကျိုးဆက်များ ချက်ချင်း ပေါ်ပေါက်လာနိုင်သည့်အခြေအနေတွင် ယခု အပြောင်းအလဲ ဖြစ်ပေါ်လာသည်ဟုလည်း ခန့်မှန်းရသည်။

“ ခု ရည်ရွယ်ချက်က Huawei equipment တွေ ဒါမှမဟုတ် system တွေကို သုံးနေတဲ့ third parties တွေအပေါ် မရည်ရွယ်တဲ့ သက်ရောက်မှုတွေ ဖြစ်လာမယ့်အရေးကနေ ကန့်သတ်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပုံ ရပါတယ်” ဆိုပြီး ကုန်သွယ်ရေးဝန််ကြီးဌာနက အရာရှိဟောင်းတစ်ဦးဖြစ်သည့် ၀ါရှင်တန်ရှေ့နေ ကီဗင် ဝေါ့ဖ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags