အမေရိကန်သမိုင်းတွင် အကြီးဆုံးအဖြစ် ထောင်သား ၆၀၀၀ ခန့် ပြန်လွှတ်ပေးမည်

အမေရိကန်သမိုင်းတွင် အကြီးဆုံးအဖြစ် ထောင်သား ၆၀၀၀ ခန့် ပြန်လွှတ်ပေးမည်

အကျဉ်းထောင်များတွင် လူများပြားခြင်းကို ဖြေလျှော့ရန်နှင့် အကြမ်းဖက်မှုမဟုတ်သည့် အကျဉ်းသားများ ပြစ်ဒဏ်နည်းသွားစေရန် လုပ်ဆောင်မှုတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံက လာမည့်သီတင်းပတ်များ တွင်အကြမ်းဖျင်းအားဖြင့် အကျဉ်းသား ၆၀၀၀ ဝန်းကျင်ကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြသည်။

ယခုကဲ့သို့ အကျဉ်းသားပြန်လွှတ်ပေးမှုသည် အမေရိကန်သမိုင်းတွင်ဆိုလျှင် အကြီးဆုံးဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သတင်းတွင် ဖော်ပြသည်။

ယခုအချိန်စောစွာ ပြန်လွှတ်ပေးမည့် အကျဉ်းသားအားလုံးမှာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်မှုဖြင့် ထောင်ကျနေသူများဖြစ်သည်။

နောက်ထပ် အကျဉ်းသား ၈၅၀၀ အားလည်း နိုဝင်ဘာလတွင် စတင်ပြန်လည်လွှတ်ပေးဖို့ ရှိနေသည်။

အကျဉ်းသားများ၏ ထောင်နှစ်လျှော့ချပေးရေးကို အမေရိကန်ပြစ်ဒဏ်စီရင်ရေးကော်မရှင်က ပြီးခဲ့သည့်နှစ်က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကော်မရှင်၏ မှတ်ချက်အတည်ပြုချက်နှင့် ညီကာ နှစ်မပြည့်မီ ပြန်လွှတ်နိုင်ခွင့်နှင့် ထိုက်တန်သည့် မူးယစ်မှုဖြင့် ထောင်ကျအကျဉ်းသား တစ်သိန်းဝန်းကျင်တွင် ၄၆၀၀၀ ကျော်မှ သတ်မှတ်ချက်ရှိထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required