သတင်းမီဒီယာအမည်ဖြင့် အလှူခံသူများကို အမှုဖွင့်

21 May 2019
သတင်းမီဒီယာအမည်ဖြင့် အလှူခံသူများကို အမှုဖွင့်

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်ရပ်ကွက်တွင် လာရောက်၍ သတင်းမီဒီယာ အမည်ဖြင့် အလှူခံသူ (၈) ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ပုသိမ်ကြီးမြို့မ ရဲစခန်းမှသိရသည်။

၂၀၁၉ ခုုနှစ် ၊ မေလ (၁၉) ရက်နေ့က ကံကောက်ရပ်ကွက်တွင်နေထိုင်သည့် ကိုမျိုး (ခ) မင်းအေးဆောင်၏ နေအိမ်သို့ လာရောက်အလှူခံသည့်သူများသည် သတင်းစုံစမ်းစုဆာင်းဖော်ပြရေးအဖွဲ့ “အမိမြေ” က ဟုဆိုကာ လာရောက်အလှူခံခြင်းဖြစ်ကြောင်း ၄င်းထံမှ သိရသည် ။

ယခုဖြစ်စဉ် နှင့်ပတ်သက်၍ သတင်းမီဒီယာအမည်ခံ၍ လာရောက်အလှူခံသူများဖြစ်သည့် ဦးအောင်ဆွေမြင့်၊ ဦးမြင့်အောင်၊ ဦးတင့်ဇော်၊ ဦးအောင်ကျော်ထွန်း၊ ဦးမောင်ကြည်၊ ဦးလှမြင့်၊ ဦးမျိုးထွေး နှင့် ဦးဝေလင်းအောင် တို့အား ကိုမျိုး (ခ) မင်းအေးဆောင် က ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့ပြီး ရဲစခန်းက (ပ)၂၅၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ဖြင့်အမှုဖွင့် ဖမ်းဆီးထားသည် ။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly